ကျွန်တော်ပို့စ်မတင်ဖြစ်တာလဲကြာနေပြီ ။ ဆရာထက်ဇော်ကလည်း ကိုချစ် ပို့စ်တင်တဲ့။
အင်း အခုတင်လိုက်ပြီနော် အဲ့ဒါကတော့ အမ်ပီ ၃ သီချင်းတွေ ကို အချင်းချင်းပို့ရင် မိမိပုံလေးပါရောပို့လိုက်ရင် တဖက်က လက်ခံရရှိတဲ့ မိမိချစ်သူ သူငယ်ချင်း မိတ်ဆွေ တွေ
အဲ့ဒီသီချင်းလေးဖွင့်ပြီးတစိမ့်စိမ့်ကြည့်ရူခံစားနိုင်တာပေါ့။
သူကိုပြန်ဖွင့်ရင် ၀င်းဒိုးမီဒီယာပလေယာ နဲ့ဖွင့်မှပုံေါ်မှာနော်
တယ်လီဖုန်းထဲမှာတော့အဆင်ပြေတာပေါ့ဗျာ
အစကကျွန်တော်လည်းမသိဘူးဗျ ဆိုဒ်ထဲမှာညီလေးတယောက်တောင်းဘူးတယ်။အဲ့ဒါနဲ့စိတ်ဝင်စားပြီး
ဆရာထက်ဇော်ဆီမေးတော့ ကိုချစ် mp3info နဲ့လုပ်တယ်တဲ့ စမ်းကြည့်တယ် ဟုတ်သလိုလိုပဲ
ဝင်းဒိုးဗစ်စတာနဲ့ကြတော့အဆင်မပြေပြန်ဘူး ။ထပ်ရှာကြည့်တော့ MP3ext34b23 အဲ့ဒါလေးတွေ့လို့စမ်းကြည့်တယ် ဝင်းဒိုး ၇ ၃၂ ဘစ်မှာတော့အဆင်ပြေပြီး ၆၄ ဘစ်ကြတော့အဆင်မပြေပြန်ဘူး ။ နောက်ဆုံးထပ်ရှာတော့ MP3 tag လေးသွားတွေ့တယ်အဲ့ဒါလေးက
ဝင်းဒိုး၇ ၆၄ ဘစ်မှာကောင်းကောင်းအလုပ်လုပ်တယ်ဗျ.
မိတ်ဆွေတိုလဲ မိမိကြိုက်တာလေးနဲ့ အသုံးပြုနိုင်ပါတယ်။
အဲ့ဒီ MP3 tag လေးကို အင်စတောသွင်းဗျာ ပြီးရင် ဖွင့်လိုက်ပါ ဖူးဗားရှင်းပါ ဘာကီး စီရီရယ်မှမလိုပါဘူး
http://www.mp3tag.de/en/
ပထမဦးဆုံးမိမိလိုချင်သောအမ်ပီ၃ သီချင်းလေးတွေကို ဖိုဒါတခုထဲထည့်ထားလိုက်ပါ။
ပြီးရင် file - add directory - မိမိသီချင်းသိမ်းထားတဲ့ဖိုဒါကိုရွေးပေးလိုက်ပါ။
အဲ့ဒါဆိုရင် ညာဖက်ဘောက်စ်ထဲမှာ သီချင်းတွေ ၀င်လာပါမယ်။

မိမိပြောင်းချင်တဲ့သီချင်းကို select လုပ်ပါ။
သီချင်းနဲ့ပုံတွဲဖို့ ဘယ်ဖက်အောက်ဒေါင့်မှာ စီဒီပုံလေးနဲ့လေးထောင့်ကွက်လေးရှိပါတယ်။
အဲ့ဒီအပေါ် မောက်ညာကလစ်လုပ်ရင် add cover ဆိုတာပေါ်လာရင်နှိပ်လိုက်ပါ။
မိမိပြောင်းချင်သောပုံကိုရှာပြီးလမ်းကြောင်းပေးပြီး ဖွင့်လိုက်ပါ။ အဲ့ဒီပုံလေးကာဗာအတွင်း၀င်ရောက်လာပါမယ်။

ဘယ်ဖက်မှာရှိတဲ့ ကွက်လပ်တွေကိုတော့ မိမိဖြည့်ချင်တာဖြည့်ပါ။
Disnumber , composer , Album artist, comment, year,album, artist , title ကြိုက်တာဖြည့်ပါ။
ပြီးရင် ဆေ့ save လိုက်ပါ။ အဲ့ဒီသီချင်းလေးမှာကိုတွဲချင်တဲ့ပုံနဲ့အတူတူပါရှိသွားပါပြီ။
၀င်းဒိုးမီဒီယာပလေယာလေးနဲ့ဖွင့်ကြည့်လိုက်ပါ။ အမ်ပီ၃ဖွင့်နေတဲ့အချိန်မှာမိမိပုံလေးပေါ်နေမှာဖြစ်ပါတယ်၊ တယ်လီဖုန်းထဲမှာဖွင့်ရင်လည်းပေါ်နေမှာပါ။
ဒါဆိုရင်ကိုရဲ့ မိတ်ဆွေ သူငယ်ချင်းချစ်သူဆီ ကို ပုံနဲ့ အမ်ပီ၃တွဲ ပို့လို့ အဆင်ပြေလောက်ပါပြီနော်/
ဒေါင်းလုပ်
MP3 taghttp://www.mp3tag.de/en/
MP3ext34b23
http://www.ziddu.com/download/13624603/MP3ext34b23.exe.html
mp3info
http://www.ziddu.com/download/13624604/mp3info-0.8.5-win.zip.html
http://www.ziddu.com/download/13624605/mp3info-0.8.5a.zip.html
အားလုံးအဆင်ပြေကြပါစေ
No comments:
Post a Comment