အရင်တစ်လက CD to CD ကူးနည်းကို ပြောပြခဲ့ပါပြီ။ အခု ကိုယ့် computer ထဲမှာ ရှိတဲ့ data တွေကို CD ထဲကို ကူးထည့်မယ့်ပုံစံကို ပြောပြပါမယ်။ CD ကူးနည်းနဲ့ Data ကူးနည်းက အနည်းငယ်ပဲ ကွာပါတယ်။ Nero software လဲတင်ပြီးသွားပြီ writer လဲရှိပြီ။ CD ချပ် အလွတ်လဲရှိပြီ ဆိုရင် ကျွန်တော်တို့ Data တွေ စကူးကြည့်ရအောင်။
ထုံးစံအတိုင်းပါပဲ။ ပထမဆုံး Nero ကို double click နှိပ်ပါ။
နောက် Data copy ကို ရွေးပြီး click နှိပ်ပါ။ နောက် Drive ထဲသို့ CD ချပ်အလွတ် သို့မဟုတ် ထပ်ထည့်လို့ရတဲ့ CD ချပ်ကို ထည့်ပါ။ နောက် Data copyကို နှိပ်ပါ။
နောက်ကျလာတဲ့ box မှ add ကိုရွေးနှိပ်ပါ။
နောက် ကိုယ်ကူးမယ့် data သိမ်းထားတဲ့နေရာကို သွားပါ။
နောက် Data ကို ရွေးပြီး add ကိုနှိပ်ပါ။
ပြီးရင် next ကိုနှိပ်ပါ။
နောက် writing specd မှာ ကိုယ်ကူးမယ့် နှုန်းကို ရွေးပါ။
[အဲဒီမှာ သတိထားရမှာက ရေးတဲ့နှုန်း (ဂဏန်းအရေ အတွက်) များရင် ကူးရတာ မြန်တယ်၊ ခွေပျက်လွယ်တယ်။ ရေးနှုန်းနည်းရင် ကူးရတာ နှေးတယ်၊ ခွေအရည်အသွေး ကောင်းမယ် (မထစ်ဘူး)]
နောက် အထူးသတိထားရမှာက ကိုယ့် CD ထဲကို နောက်ထပ် Data တွေ ထပ်ထည့်ချင်သေးတယ်ဆိုရင် Allow files to be add later (Multisection Disk) ကို click နှိပ်ပြီး ရွေးထားပါ။ အဲဒီမှာ ရွေးမထားရင် Data ဘယ်လောက်ပဲ နည်းနည်း CD က ပိတ်ကူးသွားမှာပါ။ ဒါကြောင့် CD ထဲမှာ ထပ်ထည့်ချင်သေးရင် CD ကလဲ မပြည့်သေး ဘူးဆိုရင် click ရွေးပါ။
နောက် copy ကို နှိပ်ပါ။ CD စကူးနေပါပြီ။
နောက် burn process complete suecessfully ပေါ်လာရင် ok ကို click နှိပ်ပါ။
နောက် next ကို နှိပ်ပါ။
နောက် exit ကို နှိပ်ပါ။
အထက်ပါအတိုင်းပဲ MP 3 တို့၊ VCD တို့ စမ်းကူးကြည့်ပါ။ ဒီထက်ကောင်းတဲ့နည်း ရှိရင်လဲ Knowledge Birdge မှ တဆင့် ပေးပို့မျှဝေလိုက်ပါ။ ကျွန်တော်သိသမျှ Knowledge share လုပ်ပေးခြင်းပါ။ မရှင်းလင်းတာရှိရင်လဲ Knowledge Bridge မှ တဆင့် မေးမြန်းနိုင်ပါတယ်။
မူတူးလေး



Linux မှာ WYSIWYG တွေအများကြီး သုံးဆွဲလို့ရတဲ့တွက် Web Designer တွေအတွက် ကြိုက်ရာရွေးသုံးလို့ရပါတယ်။ Adobe Dream-waver ဆိုတာ WYSIWYG (What You See is What You Get) တွေထဲက အကောင်းဆုံး တစ်ခုဖြစ်လို့ Web Designer နဲ့ Web Programer တွေရဲ့ အနှစ်သက်ဆုံး Application ပေါ့ဗျာ။ ဒါပေမယ့် Dreamwaver ကို Adobe ကုမ္ပဏီကနေ Linux အတွက် မထုတ်ပေးထားဘူးဗျာ။ ဒီတော့ Ubuntu သုံးတဲ့လူတွေထဲမှာ Dreamwaver ကိုကြိုက်နှစ်သက်သူတွေ ပါနေတော့ Dreamwaver ကို Ubuntu မှာတင်ဖို့ ကြိုးစားကြရအောင်။

