Ads 468x60px

Sunday, 28 August 2011

Portable Dictionary

မြန်မာလိုရော..အင်္ဂလိပ်လိုရော vice versa ရတဲ့ အကောင်းဆုံး Dictionary Lookup Program လေးပါ.. ဒီ Portable wxPyDict – Dictionary Lookup Program ကတော့ size 6.46 Mb ပဲရှိပါတယ် Portable ရဲ့အားသာချက်ကတော့ စက်ကို ဝန် ထုပ်ဝန်ပိုးမဖြစ်တော့ဘူးပေါ့  လိုချင်..သုံးချင်တဲ့အချိန် Run ပြီးသုံးရုံပါပဲ.. USB drive ထဲလဲ ထည့်ပြီးသုံးနိုင်ပါတယ်.
***window 7 မှာလည်း အဆင်ပြေပါတယ် ***

Saturday, 27 August 2011

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လို တည်ထောင်ကြမလဲ။ | Myanmar Tutorials

အားလုံးပဲ မင်္ဂလာပါခင်ဗျာ
အရင်ဦးဆုံး ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ကိုယ့်စွမ်းကိုယ်စနဲ့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခုကို တည်ထောင်မယ့် စွန့်ဦးတီထွင်သူ (Entrepreneurs) တွေလို့ သတ်မှတ်လိုက်ကြရအောင်။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ချင်တဲ့ ဆန္ဒဟာ ကျွန်တော်တို့အားလုံးရဲ့အိမ်မက်တစ်ခု ဖြစ်ပါ တယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုကို ဘယ်လို တည်ထောင်ရမလဲဆိုတာ ကျွန်တော်တို့ နေ့စဉ် တွေးဖြစ် တဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်မယ်လို့လည်း ထင်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ ဘယ်ကနေ စပြီး တွေးမလဲ၊ စတင်လုပ်ကိုင်မလဲ။အရင်ဦးဆုံး ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းအတွက် ကျွန်တော်တို့ကိုယ်တိုင် ဘာတွေပေးနိုင်မလဲ။ ဘယ်လိုစီစဉ်ကြည့်မလဲ။ တိကျတဲ့ အစီအစဉ်ရေးဆွဲထားခြင်းမရှိဘူးဆိုရင်တော့ ကျွန်တော်တို့ ဟာ အစမှာ ကတည်းက ကျရှုံးဖို့ကို ဦးတည်နေပါပြီ။ အရင်းဦးဆုံး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။
မေးခွန်း – ၁။  ဘာကြောင့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ချင်တာလဲ ?
အဖြေ –
ဒီမေးခွန်းကို ဘာလို့မေးရသလဲ? ဒီမေးခွန်းအတွက် အဖြေဟာ မှန်တယ်/မှားတယ် မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ငန်းရဲ့ အောင်မြင်မှု့အတိုင်းအတာကိုတော့ သူက သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။ (ကျွန်တော်တို့ မြန်မာ စကားပုံတစ်ခုရှိပါတယ် ရိုးရိုးကျင့် မြင့်မြင့်ကြံ တဲ့) ကျွန်တော်တို့ရဲ့ ရည်မှန်းချက် မြင့်မားရင် မြင့်မားသလောက်၊ ကောင်းမွန်ရင် ကောင်းမွန်သလောက် ကျွန်တော်တို့ရဲ့ အောင်မြင်မှု့ကို သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။
စွန့်ဦးတီထွင်သူ (Entrepreneurs)
နယ်ပယ်အသီးသီးမှာရှိတဲ့ စွန့်ဦးတီထွင်သူ ဆိုတာကျွန်တော်တို့လို လူတွေထဲက လူတွေပါပဲ။ အသက် အရွယ်၊ ယောကျာ်း/မိန်းမ၊ အိမ်ထောင်ရှိခြင်း/မရှိခြင်း၊ ပညာအရည်အချင်း သတ်မှတ်ချက်၊ စတာတွေဟာ အောင်မြင်တဲ့ စွန့်ဦးတီထွင်သူ တစ်ဦးဖြစ်လာဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေမဟုတ်ပါဘူး။ ဒါပေမယ့် စွန့်ဦးတီထွင်သူတွေမှာ တိကျသေချာတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို သူနဲ့ လက်တွဲလုပ်တဲ့ သူတွေကို မျှေ၀ပေးနိုင်တဲ့ အရည်အချင်း ရှိနေပါတယ်။ ဟုတ်ပြီဒါဆိုရင် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်လုပ်ငန်း တွေ အောင်မြင်ဖို့ ကျွန်တော်တို့ ဘာတွေလိုအပ်မလဲ အရင် စဉ်းစားကြည့်ရအောင်။
မေးခွန်း-၂။ သင့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ အောင်မြင်ဖို့ အဓိက သော့ချက်ဖြစ်တဲ့ ဘယ်လို အရည်အချင်း၊ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေ သင့် မှာရှိလဲ?
အဖြေ –
အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတွေဟာ သူတို့ရဲ့ အရည်အချင်း၊ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို ကောင်းကောင်းအသုံးချခဲ့ ပါတယ်။
မေးခွန်း-၃။ သင့်မှာ တာ၀န်ခံနိုင်စွမ်းရှိလား? တာ၀န်ယူနိုင်စွမ်းကောရှိလား?
အဖြေ –
သင်စတင်လုပ်ကိုင်မယ့် ကိုယ်ပိုင်လုပ်ငန်း မှာ အခက်အခဲတွေရှိမယ်။ အမှားအယွင်းတွေရှိနိုင်တယ်။ အဲဒါတွေကနေ သင့်ကို ခေါင်းခြောက် စေနိုင်သလို ဖြေရှင်း နိုင်စွမ်းကိုလည်း ပိုပြီးတော့ တိုးတက်လာစေပါတယ်။
မေးခွန်း-၄။ သင်ဟာ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းရဲ့လား? သင်စကားပြောတဲ့ အချိန်မှာ တစ်ဖက်သားနားလည်လွယ်အောင်ပြောတတ်သလား? တဖက်သားကသင့်ကိုပြောတာကိုရော ကောင်းကောင်းနားထောင်နိုင်စွမ်းရှိရဲ့လား?
အဖြေ —
အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတွေဟာ သူတို့ရဲ့အရည်အချင်းတွေကို ဈေးကွက်ထဲမှာ တင်ပြီး ရောင်းနေတာပဲဖြစ်ပါတယ်။
မေးခွန်း-၅။ သင့်ရဲ့ ငွေးကြေးဆိုင်ရာကိစ္စတွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေကရော တည်တည် ငြိမ်ငြိမ် ရှိရဲ့လား?
အဖြေ —
အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတွေဟာ သူတို့ရဲ့လုပ်ငန်းအတွက် ကောင်းကောင်းအာရုံစိုက် နိုင်ပါတယ်။
မေးခွန်း-၆ ။ သင့်မှာ အကောင်းမြင်စိတ်ရော ရှိလား?
အဖြေ —
အဆိုးမြင်၀ါဒီတစ်ယောက်ဟာ အောင်မြင်ဖို့အလွန်ခဲယဉ်းတယ်လို့ဆိုပါတယ်။
မေးခွန်း-၇ ။ သင့်မှာ အောင်မြင်လိုတဲ့စိတ် ထက်ထက်သန်သန်ရှိရဲ့လား?
အဖြေ —
စိတ်အားထက်သန်မှူ့မရှိရင်တော့ ဘာမှမလုပ်ဘဲ ထိုင်နေတာအကောင်းဆုံးဖြစ်မှာပါ။
မေးခွန်း -၇။ သင်ဟာအလုပ်ကြိုးစားသူတစ်ယောက်လား?
အဖြေ —
အောင်မြင်လိုတဲ့လူတစ်ယောက်ဟာ လိုအပ်ရင် ၂၄ နာရီပတ်လုံးမနားတမ်းအလုပ်လုပ်နိုင်ပါတယ်။
မေးခွန်း -၈။ သင့်မှာ ပြသနာတွေကို ဖြေရှင်းနိုင်တဲ့ အရည်အသွေးရှိပါသလား? ပြသနာ တွေကိုဖြေရှင်းရတာကို ပျော်ရွှင်ပါသလား?
အဖြေ —
အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတွေဟာ ပြသနာတစ်ခုကိုဖြေရှင်းနိုင်ရင် သူတို့အရည်အသွေးပိုတက် လာတယ်လို့ ယူဆပြီး ပြသနာဖြေရှင်းရတာကို ပျော်ရွှင်ကြပါတယ်။
မေးခွန်း-၉။ သင်ဟာ မှီခိုတတ်သူတစ်ယောက်လား?
အဖြေ —
အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတွေဟာ ခေါင်းဆောင်တွေသာဖြစ်ပါတယ်။ နောက်လိုက်များမဟုတ်ပါ။
မေးခွန်း-၁၀။ ဆုံးဖြတ်ချက်တစ်ခုခုကို ချဖို့ စိုးရိမ်နေတတ်သလား?
အဖြေ —
ဆုံးဖြတ်ချက်ချပြီးသွားရင်အဲဒီဆုံးဖြတ်ချက်အတိုင်း ဖြစ်အောင်လုပ်နိုင်တာဟာ အရည်အချင်းတစ်ခုပါ။
ဒီမေးခွန်းတွေအားလုံးကို ဖြေကြည့်ပြီးပြီဆိုရင်တော့ မိမိကိုယ်ကို တစိတ် တပိုင်းလောက်တော့ ပြန်မြင်နေမယ် လို့ ထင်ပါတယ်။ ဒါလေးတွေက အခြေခံအချက်ကလေးတွေပါ။ ဆက်ပြီးရေးရမယ့် အကြောင်းအရာတွေ အများကြီးကျန်သေးတဲ့အတွက် အပိုင်းခွဲပြီးတင်ပေးလိုက်ပါတယ်။ ဘာသာပြန် ဆိုထားခြင်း ဖြစ်တဲ့အတွက် တကယ့်လို့များ လိုအပ်ချက်တစ်ခုခု လွဲမှားမှူ့တစ်ခုခုရှိခဲ့မယ်ဆိုရင် အားလုံးကို တောင်းပန်ပါတယ်။ လွဲမှားမှူ့ရှိခဲ့မယ်ဆိုရင် ကျွန်တော့်ရဲ့အားနည်းချက်သာ ဖြစ်ပါတယ်။
ကိုဟိန်း
ကျမ်းကိုး ။    ။   Self-Employment:From Dream to Reality!
By Linda D. Gilkerson and Theresia M. Paauwe 

Friday, 26 August 2011

Phone no. ထည့်စရာမလိုပဲ G Mail Account ဖွင့်နည်း

Step 1. https://hidemyass.com/ ကိုရိုက်ထည့်ဖွင့်ပါ။
Step 2. box ထဲတွင် http://mail.google.com ရိုက်ထည့်ပြီးဘေးက Hide My Ass button နှိပ်ပါ။ Accessdenied ဟုပေါ်လျှင် https://mail.google.com ဟုရိုက်ထည့်ပါ


Gmail ရဲ့ Features အတိုင်းပေါ်လာပေမည်။ Create an account နှိပ်ပါ။
Step 3. အောက်ပါအတိုင်း မေးလ်အကောင့်လုပ်နိုင်ပါပြီဗျာ...။
ှတစ်ခုတော့ရှိတယ်။ Login Name ကို Check Availability တော့စစ်မရဘူး။ အကုန်ဖြည့်သွား နောက်ဆုံး Account လုပ်မယ်လို့ နှိပ်လိုက်တဲ့အခါမှ ကိုယ်ထည့်တဲ့ Login Name က မရရင် ပြန်ထည့်ရတယ်။အဲ့တစ်ခုတော့ စိတ်ရှည်ရတယ်ဗျ။ ကျန်တာ ဘာမှ ပြဿနာမရှိ။ ကိုယ်ထည့်တဲ့ Login Name ရပြီဆိုရင်တော့ မေးလ်အသစ်လုပ်ပြီးသွားပါပြီ။ ဒါဆို အောက်ကအတိုင်း ပေါ်လာပါမယ်။
Step 4. ကဲ... အကောင့်သစ် ရ မရ gtalk မှာဖြစ်ဖြစ် ၀င်စမ်းကြည့်လိုက်ပါ။ တခါတည်း မီးအစိမ်းလေးလင်းလာရောဗျာ...။

Wednesday, 24 August 2011

Zawgyi-One ရော Myanmar3 ကိုပါ ဖတ်လို့ရအောင်

      Unicode ဖြစ်တဲ့ Myanmar3 Font နဲ့ ZawgyiOne နဲ့ရေးထားတဲ့ website တွေကို ဘယ် font နဲ့ ရေးထား ရေးထား ဖတ်လို့ ရအောင် လုပ်လို့ရတဲ့ နည်းလေးဖြစ်ပါတယ်။ ဒီ blog မှာတော့ အပေါ်မှာ drop down နဲ့ ရွေးလို့ရအောင်လုပ်ထားပေးထားပါတယ်။  (click here to see image)

  

 

Internet Explore


  • Click to download Myanmar3_IE.reg
  • ဖိုင်ကိုဒေါင်းလုဒ်ယူပြီးတာနဲ့ Myanmar3_IE.reg ကို install လုပ်ပါ
  • Tools အောက်က Internet Option က fonts ကို Zawgyi-One ကိုပေးထားရပါမယ်.။
  • ဒီ နေရာကို click ပြီး save လုပ်ပါ။
  • IEကိုဖွင့်ပါ.. Tools >Internet Option>Accessibility > user style sheet မှာ Format document usingmy style sheet ကို အမှန်ခြစ်ပြီး Browse ကနေတဆင့် ခုန save လုပ်ထားတဲ့ ie.css ကိုထည့်ပေးပါ..။                      

    Mozila firefox

  • Menu ရဲ့ Tools > Options > Content tab မှာ Default Font ကို Zawgyi-One ပေးထားပါ.
  • Font Size ဘေးက Advanced button ကို ထပ်နှိပ်ပါ.. အဲဒိမှာ
  • Allow pages to choose their own fonts, instead of my selections above” ဆိုတဲ့ စာကြောင်းလေးကို အမှန်ခြစ်ပေးပါ
  • အောက်က default character encoding မှာ Unicode UTF-8   ကိုရွေးပါ။ (click here to see image)
ဒါဆိုရင် သင့်အနေနဲ့ Mozilla Firefox ကို အသုံးပြုပြီး Zawgyi-One နဲ့ရေးထားတာရော Myanmar3 နဲ့ရေးထားတာကိုရော ဖတ်ရှုလို့ရနိုင်ပါပြီ။ အောက်က ပုံကို ကြည့်ပြီး လုပ်ရင် ပိုအဆင်ပြေမယ်ထင်ပါတယ်                       



  Chrome

  1. Google chrome browser ကိုဖွင့်ပါ
  2. ဒီ link ကို copy လုပ်ပြီး chrome browser ကနေဖွင့်ပါ။ https://chrome.google.com/webstore/detail/dlgmiidgfdpjcnhnhafijlpinepjkpnd
  3. ကျလာတဲ့ page မှာ install button ကို click လုပ်လိုက်ပါ။ (click to see image)
  4. ပြီးသွားရင် chrome ရဲ့ toolbar မှာ “က၊ခ” ကွက်ကလေးကိုတွေ့ ပါလိမ့်မယ်။ (Click to see image) ဒါဆိုရပါပြီ။

Recent Posts