Ads 468x60px

Saturday, 15 October 2011

Website ပေါ်မှတ်ပုံတင်ခြင်းကို ဘယ်လို ကျော်မလဲ

ယနေ့အင်တာနက်ခေတ်မှာ အရာရာဟာ online ကနေ ပေးရယူရ ရေးရဖတ်ရ တာဖြစ်တယ်။ သတင်းတစ်ခု ဖတ်ချင်ရင်လည်း online မှ website တွေကနေ ဖတ်ရတာပါ။
ဒီလိုအခမဲ့နှင့် သတင်းတွေကို ဖတ်ခွင့်ရအောင် လုပ်ပေးတဲ့သူတွေမှာလည်း ကုန်ကျစရိတ်ရှိပါတယ်။ သူတို့ကလည်း အဲဒီကုန်ကျစရိတ်တွေကို ပြန်ရဖို့နှင့် website ကို ရေရှည် အသက်ရှင် စေနိုင်ဖို့အတွက် ၀င်ငွေပြန်ရှာရပါတယ်။ Website ပေါ်မှာ ကြော်ငြာတွေ ထည့်ထားတာဖြစ်ဖြစ် စာဖတ်ချင်သူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ပေးခိုင်းခြင်းဖြင့် ဖြစ်ဖြစ် ရယူကာ တခြားလုပ်ငန်းတွေဆီကို ပြန်ရောင်းတာမျိုး လုပ်လေ့ရှိပါတယ်။

Website ပေါ်မှာ စာဖတ်ချင်လို့ကိုယ်ရဲ့ email နှင့် ကိုယ်ရေး အချက်အလက်တွေ ပေးတာဟာ ကိုယ့်အတွက်အန္တရာယ် ဖြစ်စေပါတယ်။ ကိုယ်ကလည်း စာတွေဖတ်ချင်တော့ ပေးကိုပေးရတော့မယ်ဆိုရင် သတိထား စဉ်းစားရမှာဖြစ်ပါတယ်။ အဲဒီလိုအခမဲ့ ဆိုက်တွေမှာ အသင်းဝင်အဖြစ် အသုံးပြုမယ့် email လိပ်စာ သတ်သတ်ထားခြင်းဖြင့် ကိုယ့်ရဲ့လွတ်လပ်မှု ကိုကာကွယ်နိုင်ပါတယ်။ လျှောက်လွှာတွေကို ဖြည့်တဲ့အခါမှာ နာမည်ကအစ မွေးသကရာဇ်တို့ လိပ်စာတို့ကို အမှန်အတိုင်း မထည့်မိ မပေးမိဖို့လည်းလိုပါတယ်။

ဒီလိုဆိုက်မျိုးတွေမှာ ၀င်ချင်တယ် ကိုယ့်အကြောင်းကိုလည်း မပေးချင်ဘူးဆိုရင်တော့ www.bugmenot.com ကို သွားပြီး အဲဒီကတဆင့် ယာယီကိုယ်ရေး အချက်အလက်တွေနှင့် ၀င်လို့ရပါတယ်။ Firefox browser ကို သုံးရင်တော့ Bugmenot ဆိုတဲ့ firefox add-on လေးကို ထည့်ထားရင်လည်း သုံးလို့ရပါတယ်။

ဒီလိုအကျင့်လေး ရအောင်လုပ်ခြင်းဖြင့် ပို်ပြီးလုံခြုံမှုကို ရရှိနိုင်ပါစေ။

သုံးသင့်တဲ့ လုံခြုံရေး ဆော့ဝဲလ်

ဒီဆော့ဝဲကို ကျနော် ပေးဖို့ စီစဉ်နေတာကြာပြီ။ စာရေးဖို့ အချိန်မရဘူးဖြစ်နေလို့။ ဒီတိုင်း တင်ပေးလိုက်ရင်လည်း သူ့ရဲ့အသုံးဝင်ပုံကို အသုံးမချတတ်မှာစိုးတယ်။
(ကျနော်ရေးသမျှစာတွေက ကွန်ပျူတာကို စတင်လေ့လာသူတွေအတွက် အဓိက ရည်ရွယ်တာ ဖြစ်လို့ ကျွမ်းကျင်ပြီးသားသူများကို ဒီနေရကပဲ တောင်းပန်ထားပါတယ်။ စကားအဓိပ္ပါယ်က စာဖတ်သူကို စော်ကားရာ ကျသွားမှာစိုးလို့ပါ)
သူကဗျာ ... ကွန်ပျူတာ တစ်ခုလုံးက Application တွေအားလုံး၊ file, folder နဲ့ Drive တွေ အားလုံးကို ပိတ်ထားလို့ရတယ်။ သူကတော့ မိမိကွန်ပျူတာကို စစ်တပ်ခေါ်ပြီး အစောင့်ချထားသလို ညွှန်းထားတာပဲဗျ ....

Image Hosting by Picoodle.com

လက်ရှိသုံးနေတဲ့ မိမိရဲ့ drives တွေ အပြင် နောက် USB ထပ်ထိုးလို့ ပေါ်လာမယ့် Drive တွေ ကိုပါ ကြိုတင်ပိတ်ထားလို့ရတယ်။ Add/Remove programs တွေ၊ Services တွေ၊ စတဲ့ ၀င်းဒိုးရဲ့ Administrator အပိုင်းအားလုံးသာမက Desktop right-click menu နဲ့ Task bar Right-click menu တွေထိ ဖွင့်မရအောင် ပိတ်ထားပေးနိုင်တယ်။ နောက်ပြီး file type အားလုံးနဲ့ Folder တွေကို ဖွင့်မရအောင်လည်း ပိတ်ထားလို့ရတယ်။ နောက်ထပ် Software မျိုးစုံ Install ထပ်လုပ်မှာကိုလဲ ပိတ်ထားလို့ရတယ်။ ကွန်ပျူတာ တစ်ခုလုံးရှိသမျှ အကုန်ပဲဗျာ ......... အားလုံးကို မိမိ ပိတ်ထားစေချင်တာတွေကို တစ်ခုချင်းရွေးပြီး ပိတ်ထားလို့ရတယ်။
ဒါများ ဘာလုပ်မှာလဲ ပိုတောင် အလုပ်ရှုပ်သေးတယ်လို့ ပြောမယ်ထင်တယ်။ ကျနော့်ကို လာလာပြောကြတယ်။ သူငယ်ချင်းတွေနဲ့ ကွန်ပျူတာ စုသုံးရတာပါတဲ့။ လက်အရမ်းများတယ်၊ ဘယ်လိုလုပ်ရမလဲတဲ့။ တခြို့ကျတော့ ခဏဆိုပြီးပေးသုံးလိုက်တယ်။ သူက ငြိမ်ငြိမ်မနေပဲ ရှိသမျှ ဆော့ဝဲလ်တွေ အကုန်လျှောက်ကလိသွားတယ်။ လုပ်ထားသမျှ လစ်ရောတဲ့။ အဲဒါမျိုးပေါ့ဗျာ ... မိမိကွန်ပျူတာကို သူများ မကလိ စေချင်တဲ့ လူတွေ များပါတယ်။ အဲဒါများ Limited Account နဲ့ ထားပေးလိုက် ရတာပဲလို့ ပြောကြမယ်ထင်တယ်။ မိမိသုံးနေတုန်း သူငယ်ချင်းက ခဏပေးသုံးဖို့ပြောတယ်။ ဘယ်လိုလဲ သူ့ကို ရှေ့ထားပြီး Limited Account ဆီကို Switch ပေးမှာလား။ ဘယ်ကောင်းမလဲ ... လူမှုရေးက ရှိသေးတယ်လေ။ အဲဒါတွေ အားလုံးကို ဒီ Software လေးက ကူညီပေးနိုင်ပါတယ်။
Image Hosting by Picoodle.com


ဒေါင်းလုပ်မပေးခင် ဆက်ပြောလိုက်ဦးမယ်။ ဒီကောင်ကို ကြိုတင် installed ထားပြီးပြီ ဆိုပါစို့။ သူ့ဘာသာ Tray icon လေးနဲ့ ရှိနေပါလိမ့်မယ်။ မိမိက လိုအပ်လို့ တစ်ခုခုကို ဖွင့်ရတော့မယ်၊ ဒါမှမဟုတ် Protection ကို ခဏ ရပ်ထားချင်တယ်ဆိုပါစို့ ။ အဲဒီ tray icon လေးမှာ right-click ထောက်ပြီး Deactivate ပေးလိုက်ရင် မိမိပေးထားခဲ့တဲ့ password တောင်းပါတယ်။ password မှန်မှသာ ပြင်ဆင်ဖို့၊ ကာကွယ်မှု ရပ်နားမှု လုပ်နိုင်မှာလေ။ အဲတော့ မိမိစိတ်မချတဲ့လူကို ဒီကောင့် အကူညီနဲ့ တစ်နေကုန် စိတ်ချထားလိုက်လို့ရပါပြီ။

ဒီလောက်တင်မဟုတ်သေးဘူးနော် ... ကျနော်ရေးထားတာ မပြည့်စုံသေးပါဘူး။ လက်ရှိကျနော့် အနေအထားရယ်၊ သူငယ်ချင်းတွေ တောင်းဆိုမှုရယ်ကိုပဲ ဦးတည်ပြီးရေးလိုက်တာပါ။ သူက Recovery ပြန်ယူဖို့၊ မိမိရဲ့ Network group ထဲက ကွန်ပျူတာတွေကို ကာကွယ်ပိတ်ပင်ထားဖို့ထိကို အများကြီး ပါပါသေးတယ်။ မထင်ရက်စရာက File size ပဲ ... rar နဲ့ ချုံ့အပြီးမှာ 1 Mb ပဲ ရှိပါတယ်။ ကျနော်ပြောတာ မှန်မမှန် စမ်းကြည့်လိုက်ပါဦး ..
lock for ( registry, control panel, system property, hard drive, USB drive, Screensaver, floder, internet, programe, All user,Run, Desktop,Network, My computer, My document,Recycle)
Full Security Software

FileDen|  Ifile | mediafire


www.tropsoft.com မူရင်းလင့် ဖြစ်ပါတယ်။ လေ့လာကြည့်လိုက်ပါဦး

Window 7 genuine ဖြစ်နေသူများအတွက်


အခုဒီနေ့အထိ ထွက်သမျှ loader ထဲက အကောင်းဆုံးနဲ့ အဆင်အပြေဆုံး loader တွေကို ပေါင်းပြီးတော့ တင်ပေးလိုက်ပါတယ်. version 2.0.2,5,6,8 လေးမျိုး တင်ပေးလိုက်ပါတယ်. 2.0.8 ကတော့ နောက်ဆုံးထွက်ပါ. အရင်က တင်ပေးတဲ့ window 7 loader နဲ့ အဆင်မပြေသူများ အခုတင်ပေးလိုက်တဲ့ loader နဲ့ စမ်းလိုက်ပါ ရကို ရသွား ပါလိမ့်မယ်. သုံးနည်းကတော့ အရင်အတိုင်းပါပဲ. install လုပ်လိုက်ပြီး ခဏစောင့်လိုက် ကွန်ပျူတာကို restart တောင်းရင် restart ပေးလိုက်ပါ. ပြန်ဖွင့်လာတာနဲ့ window genuine ပျောက်သွားပြီး window activated ဖြစ်သွား ပါလိမ့်မယ်. အထဲမှာ license key ပါ ထည့်ပေးထားပါတယ်. window 7 version အားလုံးအတွက် ပါပါတယ်. loader တွေကတော့ မကြာခဏ အဖျက်ခံရပါတယ်. ဒါပေမယ့် ကိစ္စမရှိပါဘူး. တင်ထားတာ အဖျက်ခံရလဲ ထပ်တင်ပေးပါ့မယ်. အမြန်ဆုံးသာ အောက်မှာ Download လုပ်လိုက်ပါ. မရှိမဖြစ် ဆောင်ထား သင့်ပါတယ်. genuine ဖြစ်မှ လိုက်ရှာနေရင် အဆင်မပြေပါဘူး. တွေ့တုန်း Download လုပ်ထားလိုက်ပါ.

Download mirrorcreator | ifile.it | mediafire | zshare | ziddu | megaupload

Recent Posts