Ads 468x60px

Tuesday, 27 September 2011

ဆိုဒ် ၁၂ ခုမှာ တစ်ခါတည်း upload တင်မယ်



မိမိမျှဝေလိုတဲ့ ဆော့ဝဲလေးတွေ ဖိုင်လေးတွေကို တစ်ကြမ် upload တင်လိုက်တာတာနဲ့ mediafire,ifile.it, hotfile,ziddu.com....စသည်ဖြင့်
download link တွေ အများကြီး ရလာတဲ့နေရာလေးပါ
ပထမဆုံအနေနဲ့ ဒီနေရာလေးမှာ သွားပြီး sinup လုပ်လိုက်ပါ free account ပါ ...အကောင့်ရပြီဆိုရင်
upload တင်လို့ ရပါပြီ upload တင်လို့ ရတဲ့ ဆိုဒ်လေးတွေ 35 ဆိုဒ်ပါ ပါတယ် ဒါပေမယ့် free user အနေ
နဲ့တော့ 12 ဆိုဒ် ပဲ တင်လို့ရပါတယ် အားလုံး ဒေါင်းလို့ အဆင်ပြေမယ့် ဆိုဒ်လေးတွေကို mark လေးပေးလိုက်


ပါ ပြီးရင်တော့ upload တင် လိုက်ပါ( START UPLOADING ကို ကလစ်ပြီး upload တင်လိုက်ပါ)


ပြီးရင်တော့ ဘေးကပုံလေးကိုကြည့်လိုက်ပါ your download link ဆိုတဲ့ လင့်လေးကို COPY ယူပြီး
တင်လိုက်ရပါပီ download link ဆိုတဲ့ လင့်လေးကို
ကလစ်လိုက်ပါ အောက်ကပုံလေးအတိုင်း တွေ့ ရပါ
မယ် ဒေါင်းမယ့်လူအနေနဲ့ မိမိ အဆင်ပြေ ဆိုဒ်ကနေ
ဒေါင်လို့ ရပါပီ အောက်က ပုံလေးကတော့ download လုပ်မယ့်သူတွေ မိမိ အဆင်ပြေမယ့် ဆိုဒ်လေးကို ရွေး ဒေါင်း ရမယ့်ပုံလေးပါ
သိပြီးသား အကိုများ သီးခံပေးပါ ကျနော်လို မသိသေးသော စတင်လေ့လာသော သူငယ်ချင်းများ
အတွက် မျှဝေလိုက်ပါသည်...ကျနော်သည် စတင်လေ့လာနေသူသာ ဖြစ်တာကြောင့် လိုအပ်သည်များ များစွာ ရှိနေပါသေးသည်
အားလုံးတားလည်မည်လို့လဲ မျှော်လင့်ရင်း ရှာဖွေ တွေ့ရှိသော အကြောင်းအရာလေးများကို
ဆက်လက်မျှဝေခွင့် ရပါရစေသား...သင်ဆရ
မြင်ဆရာ နှင့် ဆရာအပေါင်းတို့ အား ဦးထိပ်ပန်ဆင်လျှက်ရက္ခိတ

Advance Task Killer Pro

  http://i.honeytechblog.com/2010/07/Advance-task-killer-free.png

ကျနော်အခုတစ်လော ကွန်ပျူတာပိုင်းဘက်ကိုထက် Android Phone တွေဘက်ကို စိတ်အားထက်သန်နေလို့Post တွေတောင်မတင်ဖြစ်တာတော်တော်ကြာပါပြီ..။ အခု စပြီးတင်ပါမယ်..။ Android ဖုန်းတွေမှာသုံးလို့ရမယ့် Software လေးတွေကိုတင်ပေးသွားပါမယ်..။ အဲ အဲ့ဒီ Software လေးတွေကိုဘယ်လို Install လုပ်ရလဲဆိုတာတော့ Android မှာ မြန်မာ Font ထည့်နည်းခေါင်းစဉ် အောက်မှာ ရေးပေးထားပါတယ်..။ သွားပြီးဖတ်ကြည့်လိုက်ပါခင်ဗျာ..။ စာတောင်ရှည်သွားပီ..။ ကျနော်အခုပထမဆုံးစပေးမယ့် Application လေးက Advance Task Killer ဖြစ်ပါတယ်.။ Android ဖုန်းတွေမှာပြဿနာတစ်ခုက ကိုယ်တစ်ခုခုကိုဖွင့်လိုက်တယ်..။ Back ခလုတ်နှိပ်ပြီးပြန်ထွက်လိုက်တယ်..။ (ဥပမာ - သီချင်းနားထောင်တဲ့ music player ကိုဖွင့်လိုက်တယ်ဆိုပါစို့ပြီးတော့ နားမထောင်ချင်တော့လို့Back နဲ့ပြန်ထွက်လိုက်တယ်..။(close ဆိုတာလဲပါမှမပါတာ နှိပ်စရာ Back ခလုတ်ပဲရှိတာလေ)..အဲ့လိုလုပ်လို ့အဲ့ဒီ app က ထွက်သွားတယ်မထင်ပါနဲ့နောက်ကွယ်မှာဆက် run နေပါတယ်..။ အဲ့ဒီမှာပြဿနာစတာပါပဲ..။ အဲ့လိုတစ်ခုပြီးတစ်ခုဖြစ်နေရင် ကြာလာရင်ဖုန်းက ဟမ်း(Harm) လာမယ်..။ ပြီးရင်ခနလေးနဲ့Phone Battery ကကုန်သွားမယ်..။ အဲ့လိုပြဿနာတွေမတက်ရအောင် ဒီ application လေးကိုသွင်းထားလိုက်ပါ..။ ၂ ခု ၃ ခုလောက်သုံးပြီးရင် ဒီကောင်လေးကိုဖွင့် ကိုယ် ပိတ်ချင်တဲ့ app လေးတွေကိုအမှန်ခြစ်ပေးပြီးရင် KILL selected apps ဆိုတာကို နှိပ်ပေးလိုက်ပါ..။ အဲ့ဒါဆိုရင်တော့ Battery ကုန်လွယ်တဲ့ပြဿနာ ဟမ်း(Harm) ပြဿနာတွေကနေ ကင်းဝေးစေမှာဖြစ်ပါတယ်..။ အားလုံးပဲ ဖုန်းကို Battery ကြာရှည်ခံစွာနဲ့ချစ်သူနဲ့ဖုန်းကြာကြာပြောနိုင်ကြပါစေဗျာ...။ :D လိုချင်သူများအောက်ကလင့်ကနေ Download ရယူလိုက်ကြပါ...။

Download Advanced Task Killer >>

Android Phone တွေမှာ မြန်မာဖောင့်နှင့် ကီးဘုတ် သွင်းခြင်း

အခုကျနော်တင်ပေးမယ့် post ကတော့ Android Phone တွေမှာ မြန်မာ ဖောင့် ထည့်နည်းလေးနဲ့မြန်မာ ကီးဘုတ်ထည့်တဲ့နည်းလေးပါ..။ ပထမဆုံး Android Phone တွေမှာ font မထည့်ခင်မှာ အရင် root လုပ်ထား ဖို့တော့လိုပါတယ်.။ အောက်ကအဆင့်တွေအတိုင်းလိုက်ပြီး root လုပ်လိုက်ပါ.။ Root လုပ်ဖို့ software ကို ဒီနေရာကနေ  သွားပြီးယူလိုက်ပါ..။ ပြီးရင် ဖုန်း ကို PC နဲ့မချိတ်ခင် မှာ
Settings >> Applications >> Development >>USB debugging ဆိုတာကို အမှန်ခြစ်လေးပေး ထားရပါမယ်..။



ပြီးရင် ဖုန်းကို PC (Computer) နဲ့ချိတ်ပေးလိုက်ပါ..။ ဖုန်းကို PC နဲ့ချိတ်ရင် တစ်ခါတစ်လေ ဖုန်းမှာ မေးခွန်းမေးတတ်ပါတယ်..။ Phone Charge လုပ်မှာလား SD card ကို ၀င်မှာလား မေးပါတယ်.။ အဲ့လိုမေးလာရင်တော့ phone charge လုပ်တာကိုရွေးပေးလိုက်ပါ..။ ဘာမှမမေးရင်တော့ ဘာမှလုပ်ပေးစရာ မလိုပါဘူး..။ ပြီးရင်တော့ အပေါ်မှာ တင်ထားပေးထားတဲ့ zip file ကိုဖြည်လိုက်ပါ..။ အဲ့ဒီထဲကမှ SuperOneClick.exe ဆိုတာကို Double Click နှိပ်ပေးလိုက်ပါ..။

ပြီးရင် Root ဆိုတဲ့Button လေးကိုနှိပ်ပေးလိုက်ပါ..။ ခနစောင့်ပေးလိုက်ပါ..။ သူ ့ဘာသာ Root လုပ်သွားပါလိမ့်မယ်..။ စက္ကန်၃၀ ကနေ ၁၀ မိနစ်အတွင်း ဖြစ်နိုင်ပါတယ်.(ဖုန်းအမျိုးအစားပေါ် မူတည် ပါတယ်..။)ကျနော်လုပ်တာတော့ ၁၅ စက္ကန်လောက်ပဲကြာပါတယ်..။


 ပြီးရင်တော့ Root လုပ်တာ အောင်မြင်တဲ့အကြောင်း Box လေးကျလာရင်တော့ OK ပေးလိုက်ပါ..။ ပြီးရင် ဖုန်းကို PC နဲ့ချိတ်ထားတာ ဖြုတ်လိုက်ပါပြီးရင် ဖုန်းကို Restart လုပ်ပေးပါ.(Power ပိတ်ပြီးပြန်ဖွင့်ပေး လိုက်ပါ.။) အထက်ပါအဆင့်တွေအကုန်လုပ်ပြီးရင်တော့ ဖုန်းကို Root လုပ်လို့ပြီးပါပြီ..။ Root လုပ်ပြီးရင် ဖုန်းထဲကို Application လေးတစ်ခုသွင်းရပါမယ်..။ ဘယ်လိုသွင်းရမလဲမသိရင်တော့ ဒီနေရာက နေ Android ဖုန်းတွေကို application သွင်းတဲ့ Software လေးကိုသွားပြီး Download လုပ်လိုက်ပါ..။ ပြီးရင် အဲ့ဒီ software ကို zip ဖြည်ပြီး Install လုပ်လိုက်ပါ..။ Desktop ပေါ်မှာ Android Injector ဆိုပြီး ဆေးထိုးအပ်ပုံလေးနဲ့ရောက်နေပါလိမ့်မယ်..။  ပြီးရင် Root Explorer (2.9.3).apk  လေးကို Download လုပ်ပါ..။ Application(.apk)ကို Download လုပ်ပြီးရင်တော့ အခုနက Desktop ပေါ်မှာ ရောက်နေတဲ့ Android Injector ကို Double Click နှိပ်လိုက်ပါ..။ (ဖုန်းကို PC နဲ့ချိတ်ထားပေးဖို့ တော့လိုပါတယ်..။)


Double Click နှိပ်ဖွင့်ပြီးရင် Select Files ဆိုတာကို နှိပ်လိုက်ပါ ပြီးရင် အခုနက Download လုပ်ထားတဲ့ Root Explorer (2.9.3).apk ဆိုတဲ့ file လေးကို ရွေးပေးလိုက်ပါ..။ သူ့ဘာသာသွင်းသွား ပါလိမ့်မယ်..။ ပြီးရင်တော့ အောင်မြင်တယ်မအောင်မြင်ဘူးကိုပြပါတယ်..။ ပြီးရင် တစ်ဆက်တည်း ဖုန်းထဲထည့်ဖို့ myanmar font ကို ဒီနေရာ ကနေdownload လုပ်ပါမယ်..။ DroidSansFallback.ttf ဆိုပြီးဖြစ်နေပါမယ်.။ Zawgyi ဖောင့်ကို rename လုပ်ထားတာပါ..။ Download လုပ်လို့ရလာတဲ့ DroidSansFallback.ttf ဆိုတာကို ဖုန်းရဲ့SD Card (Memory Card) ထဲထည့်ပါ..။ ပြီးရင် ဖုန်းကို PC နဲ့ချိတ်ထားတာ အဆက်အသွယ်ဖြုတ်လိုက်လို့ရပါပြီ..။ ပြီးသွားရင်တော့ အခုနက Install လုပ်ထားတဲ့ Root Explorer ဆိုတာကို ဖွင့်လိုက်ပါ..။ (root explorer ကို စဖွင့်ဖွင့်ချင်းမှာ root access ကို allow လုပ်မလားလာမေး ပါလိမ့်မယ် allow ကိုရွေးပါ ဒါမှနောက်ပိုင်းတွေဆက်လုပ်လို့ရမှာပါ.။) Root Explorer ကနေ အခုနက မှတဆင့် SD Card ကိုသွားပါမယ်.။ အဲ့ဒီကနေမှ အခုနက ထည့်ထားတဲ့ DroidSansFallback.ttf ကို long click (ကြာကြာဖိ)ပြီး copy လုပ်ပါ ။

ဒီထိပြီးရင်တော့ Root Explorer ကနေပြီးတော့ /system/fonts ထဲသွားပါ ။ ရောက်ရင်တော့ Paste ဆိုတာကို နှိပ်လိုက်ပါ..။ ပြီးရင် အထက်ကအတိုင်း Root Explorer ကနေ အခုနက မှတဆင့် SD Card ကိုပြန်သွားပါမယ်.။ အဲ့ဒီကနေမှ အခုနက ထည့်ထားတဲ့ DroidSansFallback.ttf ကို long click (ကြာကြာဖိ)ပြီး copy ထပ် လုပ်ပါ ။ ပြီးရင် Root Explorer ကနေပြီးတော့ /system/fonts ထဲပြန်သွားပါ ။ အောက်ကပုံအတိုင်း (Mount R/W ) အနီပြထားတာကိုနှိပ်ပါ.။


အားလုံးပြီးရင်အောက်ကပုံအတိုင်းဖြစ်နေရပါမယ် (မမှန်ရင်အပေါ်ကဟာ loop ပြန်ပတ်ရပါမယ် :P )


 ဒီအထိပြိ;ရင် DroidSansFallback.ttf ကို permission ပြောင်းပေးရပါမယ် အဲအတွက် DroidSansFallback.ttf ကို ကြာကြာဖိထားပါ အောက်ကပုံအတိုင်းပေါ်လာပါမယ်

 အောက်ပုံအတိုင်း permission ကိုပေးလိုက်ပါ


 ပြီးရင်တော့ OK နိုပ်ပါ ။ အခုဆိုရင်တော့ Paste ကိုနိုပ်လို့ရပါပြီ ။ နိုပ်လိုက်ရင် Warning ဆိုပီး ရှိပီးသားလို့ လာပြပါလိမ့်မယ် overwirte လိုက်ပါ Yes ကိုရွေးပါ ။ အခုဆိုရင် မြန်မာ ဖောင့် မြင်ရပီဖြစ်ပါတယ် ( တချို့စက်တွေ ကတော့ စက်ကို ReBoot လုပ်ပြီးမှ အလုပ်လုပ်ပါတယ်) keyborad သွင်းဖို့အတွက်ကတော့ အောက်ကလင့်မှာ keyboard ကို အရင်ဒေါင်းပါ

Download Myanmar Keyboard for Android

ဒေါင်းပြိ;တော့ install လုပ်လိုက်ပါ ။ Install လုပ်နည်းကတော့ အထက်ကအတိုင်း Root Explorer ကို Install လုပ်တဲ့အတိုင်းလုပ်ရုံပါပဲ..။ Install ပြီးရင်တော့  Setting ထဲက Language & keyborad ထဲမှာ MyDroid Soft Keyboard ကို select (အမှန်ခြစ်) ပေးလိုက်ပါ။

အခုဆိုရင် သုံးလို့ရနေပါပြီ.။ အစမ်းသုံးကြည့်ချင်ရင်တော့ စာရိုက်လို့ရမယ့် နေရာ တစ်နေရာရာ ကိုသွားပါ။ အလွယ်ဆုံး Message ပို့တဲ့နေရာကိုသွားပါပြီးရင် စာရိုက် လို ့ရတဲ့ Box လေးကို ကြာကြာလေး ဖိထားပေးပါ..။ ပြီးရင် Input Method ကိုရွေးပါ အဲ့ဒီကနေမှ MyanDroid Soft Keyborad ကို ရွေးလိုက်ပါ။

ပြီးရင်တော့ စာရိုက်လို့ရသွားပါပြီ..။ အခုဆိုရင် မြန်မာလိုရေးထားတာကိုပါဖတ်လို့ရတဲ့အပြင် မြန်မာလို့ ရိုက်ချင်ရင်ပါ ရိုက်လို့ရသွားပါပြီ..။ ကဲ့အားလုံးပဲအဆင်ပြေမယ်ထင်ပါတယ်..။  ကျနော်ကိုယ်တိုင်အပင်ပန်းခံပြီး phone မှာ ကိုယ်တိုင် font install လုပ်ပြီးကိုယ်တိုင် ပုံတွေရိုက်ယူပြီးတင်ထားတဲ့ပို့စ်ဖြစ်လို့တခြားနေရာမှာတင်မယ်ဆိုရင် ကျေးဇူးပြုပြီး Reference >> www.kyaysarlay.blogspot.com ဆိုပြီးထည့်ပေးပါလို့ ပြောချင်ပါတယ်..။ အားလုံးကိုကျေးဇူးအထူး တင်လျက်ပါ..။

Winstep Nexus 10.9 နှင့် သင့် Windows ကိုအလှဆင်ရအောင်










The Winstep Nexus Dock is a FREE professional dock for Windows. With Nexus, your most frequently used applications are only a mouse click away – and Nexus turns working with your computer into a fun and exciting experience.Nexus provides super fast access to your most frequently used applications, with flexible options allowing it to dock or float anywhere on the screen, providing a myriad of “On Demand” possibilities. From it´s generous use of situational sensitive context menus to it´s advanced Drag-n-Drop support, Nexus is not only easy to use – it´s a joy!

ဒီကနေဒေါင်းပါ။
Download Now


Logo oHodownloads.com

ကိုယ်ပိုင် Proxy Sever တည်ဆောက်ခြင်း

၁။ appengine.google.com ကို သွားပြီး မိမိ Gmail Account ဖြင့် Login ၀င်လိုက်ပါ။

http://img.labnol.org/di/1_create_app_engine_account.png

၂။ Welcome to Google App Engine စာမျက်နှာပေါ်လာပါက ၄င်စာမျက်နှာရှိ Create an Application ကို Click နှိပ်လိုက်ပါ။

http://charmgene.com/wp-content/uploads/image/gae/image001.png


၃။ ဒီအဆင့်မှာတော့ Google ကနေပြီးတော့ သင့်ဆီကို Verification Code ကို SMS နဲ့ပို့ပေးမှာဖြစ်တဲ့အတွက် မိမိရဲ့ Mobile Phone No နှင့် နိုင်ငံကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက Mobile Phone ဆိုမရတဲ့အတွက် ပြင်ပနိုင်ငံများ( ဥပမာ - စင်္ကာပူ ) မှ သူငယ်ချင်း တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး သူ့ဖုန်းနံပါတ်ကို Country Code ခံပြီး ထည့်ပေးလိုက်ပါ။ မိနစ်ပိုင်းအတွင်း မိမိဖုန်းနံပါတ်ပေးလိုက်သောသူငယ်ချင်းရဲ့ဖုန်းဆီသို့ SMS ဝင်လာပါမယ်။ ၀င်လာတဲ့ SMS မှာပါတဲ့ Verification Code ကို ပြန်ထည့်ပေးရမှာဖြစ်ပါတယ်။
http://charmgene.com/wp-content/uploads/image/gae/image002.png
http://techblog.aasisvinayak.com/wp-content/uploads/2010/02/image611.png

၎။ Create an Application စာမျက်နှာကျလာပါက အောက်တွင်ပြထားသည့်အတိုင်း မိမိကြိုက်နှစ်သက်ရာ Sub-Domain အမည်တစ်ခုကို ပေးပြီး မိမိပေးတဲ့ Sub-Domain ဟာ Available ဖြစ်မဖြစ် စစ်ဆေးပါ။ Available ဖြစ်သွားရင် Application Title မှာ မိမိနှစ်သက်ရာ အမည်ကိုပေးပါ။ ထို့နောက်Create Applications ကို Click နှိပ်ပါ။




၅။ Application Registered Successfully စာမျက်နှာပေါ်လာပါက ၄င်စာမျက်နှာရှိ စောစောကမိမိပေးခဲ့သော Sub-Domain ကို နောက်အဆင့်များတွင် ပြန်လည်အသုံးပြုရမှာဖြစ်တဲ့အတွက် Copy ကူးပြီး မှတ်ထားပါ။ ၄င်း Sub-Domain သည် မိမိဖန်တီးမည့် Proxy Application ရဲ့ App ID ဖြစ်ပါတယ်။




၆။ ကျွန်တော်တို့ Proxy Server အတွက် Proxy Server Application တွေကို Google App Engine ဆီ Upload တင်ဖို့အတွက် Python.org မှ နောက်ဆုံးထွက် Version ကို Download လုပ်ပါ။ မည်သည့် File ကို Download လုပ်ရမည်ကို မသိသူမျာ ဒီနေရာကနေ ရယူပါ။ ထို့နောက် Python ကို Install ပြုလုပ်ပါ။


http://arka.foi.hr/~mschatten/uop/Screenshot01.png

http://arka.foi.hr/~mschatten/uop/Screenshot02.png

http://zigazou.files.wordpress.com/2010/07/python03.png

http://zigazou.files.wordpress.com/2010/07/python04.png

၇။ Python ကို install လုပ်ပြီးရင် Python အတွက် code.google.com သွားပြီး Google App Engine SDK ကို Download လုပ်ပါ။ မည်သည့် File ကို Download လုပ်ရမည်ကို မသိသူမျာ ဒီနေရာကနေ ရယူပါ။ ထို့နောက် Google App Engine ကို Install ပြုလုပ်ပါ။

၈။ Webpage ပြုလုပ်ရန်အတွက် အသင့်ပြုလုပ်ထားသောဖိုင်ကို ဒီနေရာကနေ ရယူပြီး အဆင်သင့်အသုံးပြုနိုင်ရန် Desktop ပေါ်တွင် rar ဖိုင် ဖြည်ထားလိုက်ပါ။ ထို့နောက် File အတွင်းမှ main.html တွင် HTML ကို နာလည်သူများအနေဖြင့် မိမိစိတ်တိုင်းကျ ဒီဇိုင်းဖန်တီးပြီးပါတယ်။

၉။ အထက်တွင်ဖော်ပြခဲ့သော အဆင့်များ အားလုံးအဆင်သင့်ဖြစ်နေပြီဆိုရင် Desktop ပေါ်ရှိ Google App Engine Launcher ကို ဖွင့်လိုက်ပါ။


၁၀။ ထို့နောက် Edit - Preferences ကို သွားပါ။ Box ကျလာပါက ပုံတွင်ပြထားသည့်အတိုင်း လမ်းကြောင်းများကို မှန်ကန်စွာဖြည့်ပါ။




၁၁။ ထို့နောက် File >Add Existing Application ကို click နှိပ်ပါ။ Box ကျလာပါက Application Path: တွင် ယခုနက Download လုပ်ပြီး Desktop ပေါ်တွင် rar ဖိုင်ဖြည်ထားသော m51aproxy ဖိုင်ကို လမ်းကြောင်းရွေးပေးပါ။

၁၂။ ထို့နောက် Edit ကို click နှိပ်လိုက်ပါက app.yaml ဖိုင်ကျလာပါလိမ့်မယ်။ အဲ့ဒီဖိုင်ရှိ application: နေရာတွင်ရှိသော mistakeproxyarea နေရာတွင် အဆင့်(၅)တွင်ပြောခဲ့သည့်အတိုင်း နောက်အဆင့်များတွင် ပြန်လည်အသုံးပြုရန် မှတ်ထားခိုင်းခဲ့သည့် Sub-Domain ကို ဖြည့်ပြီး File ကနေ Save လုပ်ပြီး Exit လုပ်လိုက်ပါ။



၁၃။ ထို့နောက် Deploy ကို နှိပ်ပြီး ခဏစောင့်လိုက်ပါ။ အောက်တွင် ပြထားသကဲ့သို့  ပေါ်လာပြီဆိုရင် မိမိတည်ဆောက်ထားသော ကိုယ်ပိုင် Proxy Server ကို သင်ပေးခဲ့သော Sub-Domain ဖြင့် အသုံးပြုလို့ရပါပြီ။ ဒါကတော့ ကျွန်တော်ဖန်တီးထားတဲ့ Proxy Server လေးပါ။ http://mistakeproxyarea.appspot.com/


USB Flash Drive (USB Pen Drive) နှင့် Hiren's BootCD ပြုလုပ်နည်း







ကျွန်တော်တို့ USB Flash Drive နှင့် Hiren's BootCD ပြုလုပ်တော့မယ်ဆိုလျှင် 512MB အထက်ရှိသော USB Flash Drive တစ်ခုလိုအပ်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ Hiren's BootCD ပြုလုပ်မယ့် USB Flash Drive ကို Format ချရန်အတွက် USB Format Software ကို ဒီနေရာကနေ Download ပြုလုပ်ပြီး Install ပြုလုပ်ကာ USB Flash Drive ကို Format ချလိုက်ပါ။

Screenshot

ထို့နောက် Grub4Dos Installer 1.1 ကို ဒီနေရာကနေ Download ပြုလုပ်ပြီး ပုံမှာပြထားတဲ့အတိုင်း Run လိုက်ပါ။

Screenshot


ထို့နောက် မိမိ Grub4Dos Installer 1.1 ကို Download ပြုလုပ်ခဲ့တဲ့နေရာကို သွားပြီး Grub4Dos Installer 1.1 Folder ထဲက grub ဆိုတဲ့ Sub Folder ထဲက grldr နဲ့ menu.lst ဆိုတဲ့ ဖိုင် ၂ခုကို Copy ကူးပြီး မိမိ Boot လုပ်မယ့် USB Flash Drive ထဲကို Paste လုပ်လိုက်ပါ။

ထို့နောက် Hiren's Boot CD မှာရှိတဲ့ Flie တွေ အားလုံးကို USB Flash Drive ထဲ Copy ကူးထည့်လိုက်ပါ။ Hiren's Boot CD 12.0 ကို ဒီနေရာမှာ ကိုသားငယ် တင်ပေးထားပါတယ်။ မရှိသေးရင် Download လုပ်လိုက်ပါ။

Screenshot


Screenshot


ဒီအဆင်ထိ အားလုံးပြီးပြီဆိုလျှင်တော့ USB Flash Drive နှင့် Hiren's BootCD ကို Boot လုပ်ဖို့ အဆင်သင့်ဖြစ်သွားပါပြီ။ 

G Talk တွင် ရေဒီယိုထည့်သွင်းခြင်း

gtalk မှာသီချင်းတောင်းချင်ရင်..နားထောင်ချင်ရင်..ရေဒီယိုလိုနားဆင်လို့ရပါတယ်...
ကျနော်တို့အရင်ကမြန်မာ့အသံမှာသီချင်းတောင်းသလိုမျိုးပါပဲ...
ဒါပေမယ့်ခုကတော့online ရေဒီယိုပါ...အဖြူရောင်သံစဉ်ရေဒီယိုလို့ခေါ်ပါတယ်..
ကိုယ်နားထောင်ချင်တဲ့သီချင်းကိုတောင်းဆို
လို့ရပါတယ်...တစ်ခြားသူကိုနားထောင်
စေချင်လို့ဘယ်သူကဘယ်သူ့အတွက်ပါလို့ပြောပြီးတောင်းပေးလဲရပါတယ်..ကြေငြာပေးပါတယ်.....
ချစ်သူတွေအတွက်ပိုအဆင်ပြေမယ်ထင်ပါတယ်..
သီချင်းတောင်းဖို့အတွက်လိုအပ်တာကတော့....

၁။ကိုယ့်ရဲ့gtalk ကနေ..apytz.dj@apytz.net ကိုadd လိုက်ပါ..

၂။သူ့ဘက်ကaccept ပြန်လုပ်တာကိုစောင့်ပါ..တစ်ခါတစ်ခါသီချင်းတောင်းတဲ့သူများ
နေရင်နဲနဲကြာပါတယ်

၃။ accept ပြီးရင်အဲဒီapytz.dj@ရဲ့nick ကိုဖွင့်လိုက်ပါ...link ၂ခုတွေ့ပါလိမ့်မယ်...အပေါ်ကlink...http://89.238.146.148/APYTZ * ကိုclick လုပ်ပါ

၎။window media ဖြစ်ဖြစ်..တစ်ခြားmedia file ဖြစ်ဖြစ်ကျလာပြီးရေဒီယိုနားဆင်လို့ရပါပြီ...
သီချင်းတောင်းချင်ရင်တော့ကျနော်တို့gtalk ပြောသလိုပဲစာရိုက်ပြီးတောင်းလို့ရပါတယ်...

ကိုယ်နားဆင်ချင်တဲ့သီချင်းနာမည်ပြောပြီး
တောင်းလို့ရပါတယ်
ကျနော်သိသလောက်တော့၂၄နာရီလွှင့်ပါတယ်...အဲ..ကိုယ့်ရှေ့မှာတောင်းထားသူရှိရင်
တော့အလှည့်ကျအောင်စောင့်ရပါတယ်...

သီချင်းချစ်သူများဆန္ဒပြည့်ဝပါစေ။

၉ နှစ်အရွယ်ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ

ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမား မြို့မှာ ရဲအဖြစ် ဝင်ရောက်လုပ်ကိုနေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ် လူမျိုး က ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ ….ဒီဆောင်းပါးထဲမှာ ပါတဲ့အတိုင်း ဤ သည် မရွေး ရေးလိုက်ပါ့မယ် ။
ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်မား ကြံ့ခိုင်မှု့ ပြယုဂ် သာဓဂ တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အားပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝသရုပ်ဖေါ်ပြကွတ်တစ်ခုလည်းဖြစ်သည် ။ ၄င်းကို နယူးအမေရိက မီဒီယာမှ အင်ဒရူးလမ်းက ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစားတွင် ဖေါ်ပြခဲ့သည် ။
အစ်ကို -
                 အစ်ကိုနဲ့မိသားစု နေကောင်းရဲ့လား ။ ဒီမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျားဖြစ်ကုန်ပါတယ် ။ ကျွန်တော်မျက်လုံးမှိတ်လိုက်တဲ့ အခါ လူသေအလောင်းတွေ မြင်နေရတယ်
ဖွင့်လိုက်ရင်လည်း လူသေတွေပဲမြင်နေရတယ် ။ ကျွန်တော်တို့အားလုံး တစ်နေ့ကို နာရီ ( ၂၀ ) အလုပ်လုပ်ရပါမယ် ။ ဒါပေမယ့် တစ်နေ့ကို ( ၄၈ ) နာရီလောက်ရှိစေချင်မိတယ် ။ ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာဆက်လုပ်နိုင်မယ် ။ ကျွန်တော်တို့မှာ ရေရောလျှပ်စစ်မီးပါ မရှိတော့ပါဘူး စားနပ်ရိက္ခာခွဲတမ်းလည်း ကုန်သလောက်ဖြစ်နေပါပြီ ။ ကျွန်တော်တို့ဟာ ဒုက္ခသည်တွေကို အခြားတစ်နေရာပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ ပြောင်းတယ်ရွှေ့တယ် ဆိုရုံလေး လုပ်ပေးနိုင်ပါတယ် ။ ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမား မှာပါ ။ နူကလီးယား စက်ရုံနဲ့ ( ၂၅ ) ကီလိုမီတာ အကွာမှာပေါ့ ။ ကျွန်တော် အစ်ကို့ကို ရင်ထဲရှိသမျှ ရေးချလို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ ။ ဘေးဒုက္ခကြုံတွေ့ချိန်မှာ လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူ တွေအကြောင်းဝတ္ထုရှည်တစ်ပုဒ် အဖြစ် ကောင်းကောင်းကြီးရေးနိုင်လောက်ပါတယ် ။ ဒီကလူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ် ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အပြုအမူအပေါ်ထိန်းသိမ်းနိုင်တဲ့ အသိစိတ်ဟာ အံ့သြ လောက်ပါတယ် ။ ဒါကြောင့် အခြေအနေရပ်ရပ်ဟာ ထင်သလောက်ဆိုးဝါးမသွားတာပါ ဒါပေမယ့် နောက်တစ်ပါတ်ဆိုရင်တော့ သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှု့နဲ့ စည်းစနစ်တကျရှိမှု့ကိုဆက်လက်ဆောင်ရွက်မပေးနိုင်တော့တဲ့ အခြေအနေထိရောက်မလာဘူးလို့တော့ အာမမခံနိုင်ပါဘူး ။
 
ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်းလူသားတွေပဲလေ အစာရေစာငတ်မွတ်မှု့က ဂုဏ်သိက္ခာကို လွှမ်းမိုးသွား ( ဂုဏ်သိက္ခာထက် ပိုအားကောင်းသွား ) တဲ့အခါမှာတော့ လုပ်စရာရှိတာ လုပ်ကြပါလိမ့်မယ် ။ အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး ထောက်ပံ့မှု့တွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေပါတယ် ။ ဒါပေမယ့် ပင်လယ်သမုဒ္ဒရာထဲကို ဆားတစ်ဆုပ်ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ် ။
 
ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ်သွားစေတဲ့ ဖြစ်ရပါတစ်ခုရှိတယ် ဒီဖြစ်ရပ်မှာ ဂျပန်ကလေးတစ်ယောက်က ကျွန်တော့လို အရွယ်ရောက်နေတဲ့ လူကြီးတစ်ယောက်ကို လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူသင့်တယ် ( ဘာလုပ်သင့်တယ် ) ဆိုတဲ့ သင်ခန်းစာကိုပေးသွားပါတယ် ။ မနေ့ညက ကျွန်တော် မူလတန်းကျောင်းတစ်ခုမှာ တာဝန်ကျတယ် ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို ကူညီပေးဖို့ပါ ။ စားစရာဝေတာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟာ မြွေလိမ် မြွေကောတ် လမ်းတစ်ခုလို အရှည်ကြီးပါပဲ အဲဒီမှာ ( ၉ ) နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ် ။ ချာတိတ်လေးက တီရှပ်နဲ့ ဘောင်းဘီကို ဝတ်ထားတယ် ။
 
ရာသီဥတုက သိပ်ကို အေးနေပြီး ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ တကယ့်နောက်ဆုံးမှာ . သူ့အလှည့်ရောက်တော့ စားစရာကျန်ပါ့မလားဆိုပြီး ကျွန်တော် စိုးရိမ်သွားမိတယ် ဒါနဲ့ ကျွန်တော် စကားသွားပြောကြည့်တော့ ငလျင်လှုပ်တဲ့ အချိန်မှာ သူကကျောင်းမှာ သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့ ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့ ။ ကျွန်တော် သူ့အမေ အကြောင်းမေးကြည့်တော့ သူတို့အိမ်ဟာ ပင်လယ်ကမ်းခြေမှာ ရှိတဲ့ အတွက် သူ့အမေရော ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ် ။ သူ့ဆွေမျိုးသားချင်းတွေအကြောင်းမေးတဲ့ အခါမှာ  မျက်နှာကို တစ်ဖက်ကိုလှည့်ပြီး  မျက်ရည်စတွေ သုတ်နေရှာတယ် ။ ကလေးက ချမ်းတုန်နေတာကြောင့် ကျွန်တော့်ရဲ့ အပေါ် အင်္ကျီ ကိုချွတ်ပြီး သူ့ကိုယ်ပေါ်တင်ပေးတော့ ကျွန်တော်ရထားတဲ့ စားစရာ ခွဲတမ်း ( ရာရှင် ) ထုပ်ကထွက်ကျသွားတယ် ကျွန်တော်ကောတ်ပြီး သူ့ကိုပေးရင်း  ညီလေးအလှည့်ရောက်ရင် စားစရာကုန်ချင်ကုန်သွားမှာ ဒါက အစ်ကိုရထားတဲ့ ဝေစု အစ်ကိုတော့ စားပြီးပြီ ညီလေးစားလိုက်ပါ ဆိုတော့ ကောင်လေးက ကျွန်တော်ပေးတဲ့ စားစရာထုပ်ကို ယူပြီး ဦးညွတ် အရိုအသေပေးတယ် ။ သူချက်ချင်း စားလိမ့်မယ်ထင်ပေမယ့် မစားဘူးဗျာ သူက စားစရာထုပ်ကိုယူပြီး လူတန်းကြီးရဲ့ ဟိုးတစ်ဘက်စွန်းထိယူသွားပြီး ဝေဖို့ပုံထားတဲ့ စားစရာပုံထဲကိုထည့်လိုက်တယ် ကျွန်တော် တုန်လှုပ်သွားတာပေါ့ ဒါနဲ့ ဘာလို့မစားပဲနဲ့ စားစရပုံထဲ သွားထည့်တာလည်း ဆိုတော့ သူက ကျွန်တော့်ထက် ပိုပြီး ဆာနေတဲ့သူတွေ အများကြီးပါ ကျွန်တော် အဲဒီအထဲမှာထည့်လိုက်ရင် စားစရာကို ညီညီမျှမျှ ဝေပေးမှာပေါ့တဲ့
 
ကျွန်တော်ရင်ထဲဆို့သွားလို့ မျက်နှာကို တစ်ဖက်လွှဲလိုက်ရတယ် မျက်ရည်ကျတာကို လူတွေမမြင်အောင်လို့ပါ ။ မြင့်မြတ်တဲ့ ကောင်းကျိုးအတွက် စွန့်လွှတ် အနစ်နာခံခြင်း သဘောတရားကို နားလည်သဘောပေါက်တဲ့ ( ၉ ) နှစ်အရွယ် ကလေးငယ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်းဟာ မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ကြီးမြတ်တဲ့ လူသားတွေ ဖြစ်ကို ဖြစ်ရမှာပါ ။
 
အစ်ကိုနဲ့ အစ်ကို့မိသားစု ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ကျွန်တော့်တာဝန်ချိန်လည်း ပြန်စပါပြီ
ဟာမင်းသန်း ( Ha Minh Thanh )
စာလေးကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဆောင်းပါးရှင်က ထပ်ဖြည့်ထားပါသေးတယ်

ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်
၁။ တည်ငြိမ်မှု့
 ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို တည်ငြိမ်စွာ ဖြေဖျောက်နိုင်ကြသည် ။
၂။ ဂုဏ်သိက္ခာ
ရေနှင့်စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသောစကား ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ ။
၃။ စွမ်းရည်
သာဓကအားဖြင့် မယုံနိုင်လောက်အောင်တော်သော ဗိသုကာပညာရှင်များရှိသည် အဆောက် အအုံများသည် ယိုင်းရိုင်သွားသော်လည်း ပြိုမကျ ။
၎။ ထောက်ထားညှာတာမှု့
လောလောဆယ်လိုအပ်သမျှသာ ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့် စိတ်ကိုထားသည် ( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ် )
၅။ စည်းကမ်းသေဝပ်မှု့
ဆိုင်များတွင်လုယက်ခြင်းမရှိလမ်းပေါ်တွင်ဟွန်းသံတညံညံ လုပ်ခြင်း ကျော်တက်ခြင်းများမရှိ အချင်းချင်းနားလည်ပေးမှု့ရှိသည် ။
၆။ အနာခံမှု့
နူကလီးယားဓါတ်ပေါင်းဖိုများတွင်  ပင်လယ်ရေကို စုပ်ထုပ်ရန် အလုပ်သမား ( ဝန်ထမ်း ၅၀ ) သည်နောက်ချန်နေခဲ့သည် . ( ရေဒီယိုဓါတ်ရောင်ခြည်သင့်မှု့ခံရမည်ကိုသိလျက်နှင့် စွန့်လွှတ်အနစ်နာခံခြင်းဖြစ်သည် ) သူတို့၏ ကျေးဇူး နှင့် မြင့်မြတ်သော စိတ်ထားကို မည်သို့ပေးဆပ်နိုင်ပါမည်နည်း ။
၇။ ကြင်နာယုယမှု့
စားသောက်ဆိုင်များက ဈေးနှုန်းလျှော့ချပေးကြသည် အစောင့်အရှောက်မရှိသော အေတီအမ် စက်တစ်လုံးကို ဒီအတိုင်းထားသည် အားကြီးသူက အားနည်းသူကို ကူညီစောင့်ရှောက်သည်။
၈။ လေ့ကျင့်ထားမှု့
သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရမည်ကို တိတိကျကျ သိသည် သိသည့်အတိုင်းလိုက်နာကျင့်သုံးကြသည် ။
၉။ မီဒီယာ
သတင်းမီဒီယာများက အထိန်းအကွပ်ရှိသည် သတင်းထုတ်ပြန်ရာ၌ နှိုင်းနှိုင်းချိန်ချိန် ထိန်းထိန်းသိမ်းသိမ်းရှိသည် ။ ပရမ်းပတာ သတင်းထောက်မရှိ ။
၁၀။ အသိစိတ်
စတိုးဆိုင်တစ်ခုတွင် ဓါတ်အားပြတ်တောက်၍ အမှောင်ကျသွားသောအခါ ဈေးဝယ်သူများသည် ဝယ်ရန်ယူထားသော ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ ထွက်ခွာသွားကြသည် ။
 
ဆောင်းပါးရှင် ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် ) သူရဇ္ဇမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၁

သူများ Gtalk ကိုမှဟက်ချင်သူတွေအတွက်ပါ..

အခုကျနော်ရေးထားတဲ့ ပရိုဂရမ်က သူတစ်ပါးရဲ ့Gtalk account ကိုဟက်ချင်နေတဲ့လူတွေအတွက်ပါ..။ သူတစ်ပါးကိုထိခိုက်လိုစိတ်ရှိလို ့လုပ်တာမဟုတ်ပါဘူး တစ်ချို ့တွေကထင်နေကြပါတယ်.။ တခြားနည်းတွေနဲ ့ပဲဟက်လို ့ရတယ်လို ့ထင်နေတတ်ကြပါတယ်.။ အခုလိုမျိုးလဲကိုယ်တိုင် Program ရေးပြီးဟက်လို ့ရတဲ့ အကြောင်းပညာပေးချင်ရုံသက်သက်နဲ ့ရေးပြးတင်ပေးတာဖြစ်ပါတယ်.။ သုံးတဲ့လူများလဲ အလွန်အကျွန်တော့မဖြစ်စေနဲ ့ပေါ့ဗျာ.။ ဖြစ်လာတဲ့ပြဿနာကိုတော့ တာ၀န်ယူပေးမည်မဟုတ်ပါ.။ မိမိကြောင့်ဖြစ်တဲ့ ပြဿနာမိမိဘာသာတာ၀န်ယူရမည်ဖြစ်ပါတယ်.။ အသုံးပြုနည်းကလွ်ယပါတယ်.။ အောက်မှာအရင် ဒေါင်းလိုက်ပါ zip file နဲ ့ပါဒေါင်းပြီးရင် zip ဖြည်လိုက်ပါ.။ အထဲမှာ Folder တစ်ခုပါပါတယ်.။ အဲဒီ Folder လေးကို မိမိ ထည့်ထားချင်တဲ့စက်ရဲ ့သူများမြမြင်နိုင်မယ့်တစ်နေရာမှာ သိမ်းထားပါ.။ ပြီးရင်အဲဒီ Folder လေးထဲက Google Talk ဆိုတဲ့ exe file လေးပေါ်ကို Right Click >> Sent To >> Desktop(Create Shortcut) ဆိုပြီါ်နှိပ်လိုက်ပါ.။ နဂိုမူလရှိတဲ့ Gtalk shortcut ကိုဖျက်ထားပေးပါ.။ ကဲအဲဒါလုပ်ပြီးရင်သုံးမယ့်လူလာရင်သုံးပေါ့.။ တကယ့် Gtalk အစစ်မဟုတ်တဲ့အတွက် Google Server ကိုချိတ်ပေးမှာမဟုတ်ပါဘူး.။ Username and Password do not match လို ့ပဲပေါ်နေမှာပါ.။ မိမိလိုချင်သလောက်ရပြီဆိုရင်တော့ အဲဒီစက်ထဲက အခုနက Folder လေးကိုပြန်ဖွင့်ကြည့်ပါ.။ Gtalk acc ဆိုပြီး Text File လေးတစ်ခုရောက်နေပါလိမ့်မယ်.။ ကဲအဲဒါဆိုရင်သူများ အကောင့်တေါရပြီပေါ့..။ အပေါ်မှာလဲကျနော်ပြောထားပြီးသားပါ.။ သူတစ်ပါးကိုထိခိုက်လိုတဲ့စိတ်လုံး၀မရှိပါဘူး.။ အဲလို ကိုယ်တိုင်ရေးတဲ့ Software အတုတွေနဲ ့လဲ ဟက်နိုင်တဲ့အကြောင်းကိုပြောပြချင်တာပါ.။ အဲဒီတော့ မိမိတစ်ခုခုသုံးမယ်ဆိုရင် သုံးမယ့် Software အစစ်ဟုတ်မဟုတ် ဆိုတာကိုသေချာစစ်ဆေးပါလို ့ပြောချင်ပါတယ်.။ အတုနဲ ့အစစ်မှာ အနည်းငယ်ကွာခြားမှု ့တွေရှိနေတတ်ပါတယ်.။ ကျနော်ရေးထားတာဆိုရင် တကယ့်အစစ် နဲ ့တော်တော်လေးကွာခြားမှု့တွေများပါတယ်.။ကျနော် Coding အားနည်းတာကြောင့်ပါ.။ Coding အားကောင်းတဲ့လူကတော့ဒီထက်ကောင်းအောင်ရေးနိုင်မယ်လို ့ထင်ပါတယ်.။ မိမိကြောင့်ဖြစ်တဲ့ပြဿနာမိမိဘာသာ တာ၀န်ယူကြပါ.။ အောက်မှာ Download link ပေးထားပါတယ်.။

Download From MirrorCreator >>
Download From Ziddu >>

Joker Lay (MMiTD)
kyawzin293798@gmail.com

KeyMagic deb package released(Linux)

Download at KeyMagic 1.4.1 – Linux (iBus)
Need to install keyboard layouts manually. Copy keyboard layout files into ~/.keymagic or /usr/share/ibus-keymagic/
Available keyboard layouts:
Myanmar 3
Parabaik
MyWin
PangLong SHAN
Yunghkio SHAN
Zawgyi L – Unicode
Zawgyi L
I haven’t test much. Hope it works on your system. My first deb package ever.

Myandroid Dictionary (Eng-Myan-Eng) Beta

Myandroid ဆိုတာ Myanmar and  Android ကိုပြောင်းပြီ နာမည် ပေးထားတာပါ။ Android platform အတွက် အင်္ဂလိပ် – မြန်မာ – အင်္ဂလိပ် dictionary လေးပါ။ Beta version အဖြစ် တင်ဆက်လိုက်ရပါတယ်။ Root လုပ်ဖို့ font install လုပ်ဖို့ မလိုပဲ အသင့်သုံးနိုင်ပါတယ်။ ကျွန်တော့် HTC Desire မှာတော့ အဆင်ပြေပါတယ်။ ကျန်တဲ့ Device တွေမှာအဆင်ပြေမပြေ မသိရသေးပါဘူး။ စမ်းသုံးကြည့်စေချင်ပါတယ်။ ထာဝရ Free ပါသွားမှာပါ။ Version 1.0 ဖြစ်တဲ့အခါ Code တွေကို share ပေးသွားဦးမှာပါ။

Screen Capture Dictionary
English – Myanmar
  • Single Word
  • Single Translation
  • Total Records (17902)

Screen Capture Dictionary 2
Myanmar – English
  • Single Word and Expression
  • Multiple Translation
  • Total Records (32701)

Screen Capture Dictionary 3

Screen Capture Dictionary 4
မြန်မာ – အင်္ဂလိပ်အတွက် မြန်မာစာ Keyboard ကိုတော့ မရေးထားပါဘူး။ မြန်မာစာရိုက်တက်သူတိုင်း အလွတ်ရပြီးသားဖြစ်တဲ့ ဘယ်မြန်မာစာလုံးက ဘယ် key မှာ ရှိတယ်ဆိုတဲ့ ပေါ်မူတည်ပြီး ရိုက်ရှာနိုင်ပါတယ်။ ဥပမာ (မြန်မာ = jrefrm)
အသုံးပြုပုံ
  • Home screen မှ Myanmar – English button သို့မဟုတ် English – Myanmar button တစ်ခုခုကို နှိပ်ပါ။
  • ၂ – ၃ စက္ကန့်လောက် loading စောင့်ပါ။
  • Search screen ကိုရောက်ပါက နှစ်သက်ရာကိုရိုက်ပြီရှာနိုင်ပါပြီ။ (မှတ်ချက် အနည်းဆုံး character ၂ လုံးရိုက်ဖို့ လိုအပ်ပါမယ်)
  • Keyboard မှ Enter Key သို့မဟုတ် Screen မှာ Search button နှိပ်ပြီ ရှာနိုင်ပါတယ်။
  • မိမိ ကြည့်လိုရာကို အသေးစိတ်ကြည့်လိုပါက search results ထဲမှာ နှစ်သက်ရာ list ကို နှိပ်ပါ။
  • Detail screen ပေါ်လာပါလိမ့်မယ်။
  • Search screen ကိုပြန်သွားလိုပါက ဖုန်းမှ back button ကိုနှိပ်ပါ။
To Download
File Size က 890 KB ပဲရှိပါတယ်။ Download ပြီးပါက File name ကို MyandroidDict.apk_.png မှ MyandroidDict.apk သို့ ပြောင်းပြီ ဖုန်းထဲထည့်ပြီး install လုပ်နိုင်ပါပြီ။ (ကိုသီဟရေ server က .apk လက်မခံလို့ အကြံအဖန်လုပ်လိုက်ရတယ်)
ခွင့်တောင်းခြင်း
ကျွန်တော် ဒီ dictionary မှာ အသုံးပြုထားတဲ့ data တွေကို wxPyDict – Dictionary  မှ ရယူထားခြင်းဖြစ်ပြီ။ Font တွေ ကတော့ Zawgyi နဲ့ Wininnwa တို့ကို သုံးထားခြင်း ဖြစ်ပါတယ်။ အဆိုပါ ပိုင်ရှင်များထံမှ တိုက်ရိုက် ခွင့်ပြုချက်ရယူထားခြင်း မရှိသေးပါ။ Myandroid dictionary ကို ကိုယ်ကျိုး စီးပွားအတွက် အသုံးပြုမှာ မဟုတ်ပဲ ထာဝရ Free ပေးသုံးသွားမှာ ဖြစ်ပါတယ်။ ထို့ကြောင့် အဆိုပါ ပိုင်ရှင်များအနေဖြင့် အသုံးပြုခွင့် ပေးပါရန် ခွင့်တောင်း လိုက်ရပါတယ်။
ဖိတ်ခေါ်ခြင်း
Myandroid Dictionary အတွက် Logo Design ဆွဲပေးချင်သူများ၊ Dictionary Data တွေ share မည့်သူများ၊ ပူပေါင်းရေးသားလို သူများကို ဖိတ်ခေါ်ပါတယ်။ ဝေဖန် အကြံပြုချက် များကိုလဲ ကြိုဆိုလျှက်…..

Recent Posts