Ads 468x60px

Tuesday, 27 September 2011

ကိုယ်ပိုင် Proxy Sever တည်ဆောက်ခြင်း

၁။ appengine.google.com ကို သွားပြီး မိမိ Gmail Account ဖြင့် Login ၀င်လိုက်ပါ။

http://img.labnol.org/di/1_create_app_engine_account.png

၂။ Welcome to Google App Engine စာမျက်နှာပေါ်လာပါက ၄င်စာမျက်နှာရှိ Create an Application ကို Click နှိပ်လိုက်ပါ။

http://charmgene.com/wp-content/uploads/image/gae/image001.png


၃။ ဒီအဆင့်မှာတော့ Google ကနေပြီးတော့ သင့်ဆီကို Verification Code ကို SMS နဲ့ပို့ပေးမှာဖြစ်တဲ့အတွက် မိမိရဲ့ Mobile Phone No နှင့် နိုင်ငံကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက Mobile Phone ဆိုမရတဲ့အတွက် ပြင်ပနိုင်ငံများ( ဥပမာ - စင်္ကာပူ ) မှ သူငယ်ချင်း တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး သူ့ဖုန်းနံပါတ်ကို Country Code ခံပြီး ထည့်ပေးလိုက်ပါ။ မိနစ်ပိုင်းအတွင်း မိမိဖုန်းနံပါတ်ပေးလိုက်သောသူငယ်ချင်းရဲ့ဖုန်းဆီသို့ SMS ဝင်လာပါမယ်။ ၀င်လာတဲ့ SMS မှာပါတဲ့ Verification Code ကို ပြန်ထည့်ပေးရမှာဖြစ်ပါတယ်။
http://charmgene.com/wp-content/uploads/image/gae/image002.png
http://techblog.aasisvinayak.com/wp-content/uploads/2010/02/image611.png

၎။ Create an Application စာမျက်နှာကျလာပါက အောက်တွင်ပြထားသည့်အတိုင်း မိမိကြိုက်နှစ်သက်ရာ Sub-Domain အမည်တစ်ခုကို ပေးပြီး မိမိပေးတဲ့ Sub-Domain ဟာ Available ဖြစ်မဖြစ် စစ်ဆေးပါ။ Available ဖြစ်သွားရင် Application Title မှာ မိမိနှစ်သက်ရာ အမည်ကိုပေးပါ။ ထို့နောက်Create Applications ကို Click နှိပ်ပါ။




၅။ Application Registered Successfully စာမျက်နှာပေါ်လာပါက ၄င်စာမျက်နှာရှိ စောစောကမိမိပေးခဲ့သော Sub-Domain ကို နောက်အဆင့်များတွင် ပြန်လည်အသုံးပြုရမှာဖြစ်တဲ့အတွက် Copy ကူးပြီး မှတ်ထားပါ။ ၄င်း Sub-Domain သည် မိမိဖန်တီးမည့် Proxy Application ရဲ့ App ID ဖြစ်ပါတယ်။




၆။ ကျွန်တော်တို့ Proxy Server အတွက် Proxy Server Application တွေကို Google App Engine ဆီ Upload တင်ဖို့အတွက် Python.org မှ နောက်ဆုံးထွက် Version ကို Download လုပ်ပါ။ မည်သည့် File ကို Download လုပ်ရမည်ကို မသိသူမျာ ဒီနေရာကနေ ရယူပါ။ ထို့နောက် Python ကို Install ပြုလုပ်ပါ။


http://arka.foi.hr/~mschatten/uop/Screenshot01.png

http://arka.foi.hr/~mschatten/uop/Screenshot02.png

http://zigazou.files.wordpress.com/2010/07/python03.png

http://zigazou.files.wordpress.com/2010/07/python04.png

၇။ Python ကို install လုပ်ပြီးရင် Python အတွက် code.google.com သွားပြီး Google App Engine SDK ကို Download လုပ်ပါ။ မည်သည့် File ကို Download လုပ်ရမည်ကို မသိသူမျာ ဒီနေရာကနေ ရယူပါ။ ထို့နောက် Google App Engine ကို Install ပြုလုပ်ပါ။

၈။ Webpage ပြုလုပ်ရန်အတွက် အသင့်ပြုလုပ်ထားသောဖိုင်ကို ဒီနေရာကနေ ရယူပြီး အဆင်သင့်အသုံးပြုနိုင်ရန် Desktop ပေါ်တွင် rar ဖိုင် ဖြည်ထားလိုက်ပါ။ ထို့နောက် File အတွင်းမှ main.html တွင် HTML ကို နာလည်သူများအနေဖြင့် မိမိစိတ်တိုင်းကျ ဒီဇိုင်းဖန်တီးပြီးပါတယ်။

၉။ အထက်တွင်ဖော်ပြခဲ့သော အဆင့်များ အားလုံးအဆင်သင့်ဖြစ်နေပြီဆိုရင် Desktop ပေါ်ရှိ Google App Engine Launcher ကို ဖွင့်လိုက်ပါ။


၁၀။ ထို့နောက် Edit - Preferences ကို သွားပါ။ Box ကျလာပါက ပုံတွင်ပြထားသည့်အတိုင်း လမ်းကြောင်းများကို မှန်ကန်စွာဖြည့်ပါ။




၁၁။ ထို့နောက် File >Add Existing Application ကို click နှိပ်ပါ။ Box ကျလာပါက Application Path: တွင် ယခုနက Download လုပ်ပြီး Desktop ပေါ်တွင် rar ဖိုင်ဖြည်ထားသော m51aproxy ဖိုင်ကို လမ်းကြောင်းရွေးပေးပါ။

၁၂။ ထို့နောက် Edit ကို click နှိပ်လိုက်ပါက app.yaml ဖိုင်ကျလာပါလိမ့်မယ်။ အဲ့ဒီဖိုင်ရှိ application: နေရာတွင်ရှိသော mistakeproxyarea နေရာတွင် အဆင့်(၅)တွင်ပြောခဲ့သည့်အတိုင်း နောက်အဆင့်များတွင် ပြန်လည်အသုံးပြုရန် မှတ်ထားခိုင်းခဲ့သည့် Sub-Domain ကို ဖြည့်ပြီး File ကနေ Save လုပ်ပြီး Exit လုပ်လိုက်ပါ။



၁၃။ ထို့နောက် Deploy ကို နှိပ်ပြီး ခဏစောင့်လိုက်ပါ။ အောက်တွင် ပြထားသကဲ့သို့  ပေါ်လာပြီဆိုရင် မိမိတည်ဆောက်ထားသော ကိုယ်ပိုင် Proxy Server ကို သင်ပေးခဲ့သော Sub-Domain ဖြင့် အသုံးပြုလို့ရပါပြီ။ ဒါကတော့ ကျွန်တော်ဖန်တီးထားတဲ့ Proxy Server လေးပါ။ http://mistakeproxyarea.appspot.com/


0 comments:

Post a Comment

Recent Posts