Ads 468x60px

Tuesday, 27 September 2011

Advance Task Killer Pro

  http://i.honeytechblog.com/2010/07/Advance-task-killer-free.png

ကျနော်အခုတစ်လော ကွန်ပျူတာပိုင်းဘက်ကိုထက် Android Phone တွေဘက်ကို စိတ်အားထက်သန်နေလို့Post တွေတောင်မတင်ဖြစ်တာတော်တော်ကြာပါပြီ..။ အခု စပြီးတင်ပါမယ်..။ Android ဖုန်းတွေမှာသုံးလို့ရမယ့် Software လေးတွေကိုတင်ပေးသွားပါမယ်..။ အဲ အဲ့ဒီ Software လေးတွေကိုဘယ်လို Install လုပ်ရလဲဆိုတာတော့ Android မှာ မြန်မာ Font ထည့်နည်းခေါင်းစဉ် အောက်မှာ ရေးပေးထားပါတယ်..။ သွားပြီးဖတ်ကြည့်လိုက်ပါခင်ဗျာ..။ စာတောင်ရှည်သွားပီ..။ ကျနော်အခုပထမဆုံးစပေးမယ့် Application လေးက Advance Task Killer ဖြစ်ပါတယ်.။ Android ဖုန်းတွေမှာပြဿနာတစ်ခုက ကိုယ်တစ်ခုခုကိုဖွင့်လိုက်တယ်..။ Back ခလုတ်နှိပ်ပြီးပြန်ထွက်လိုက်တယ်..။ (ဥပမာ - သီချင်းနားထောင်တဲ့ music player ကိုဖွင့်လိုက်တယ်ဆိုပါစို့ပြီးတော့ နားမထောင်ချင်တော့လို့Back နဲ့ပြန်ထွက်လိုက်တယ်..။(close ဆိုတာလဲပါမှမပါတာ နှိပ်စရာ Back ခလုတ်ပဲရှိတာလေ)..အဲ့လိုလုပ်လို ့အဲ့ဒီ app က ထွက်သွားတယ်မထင်ပါနဲ့နောက်ကွယ်မှာဆက် run နေပါတယ်..။ အဲ့ဒီမှာပြဿနာစတာပါပဲ..။ အဲ့လိုတစ်ခုပြီးတစ်ခုဖြစ်နေရင် ကြာလာရင်ဖုန်းက ဟမ်း(Harm) လာမယ်..။ ပြီးရင်ခနလေးနဲ့Phone Battery ကကုန်သွားမယ်..။ အဲ့လိုပြဿနာတွေမတက်ရအောင် ဒီ application လေးကိုသွင်းထားလိုက်ပါ..။ ၂ ခု ၃ ခုလောက်သုံးပြီးရင် ဒီကောင်လေးကိုဖွင့် ကိုယ် ပိတ်ချင်တဲ့ app လေးတွေကိုအမှန်ခြစ်ပေးပြီးရင် KILL selected apps ဆိုတာကို နှိပ်ပေးလိုက်ပါ..။ အဲ့ဒါဆိုရင်တော့ Battery ကုန်လွယ်တဲ့ပြဿနာ ဟမ်း(Harm) ပြဿနာတွေကနေ ကင်းဝေးစေမှာဖြစ်ပါတယ်..။ အားလုံးပဲ ဖုန်းကို Battery ကြာရှည်ခံစွာနဲ့ချစ်သူနဲ့ဖုန်းကြာကြာပြောနိုင်ကြပါစေဗျာ...။ :D လိုချင်သူများအောက်ကလင့်ကနေ Download ရယူလိုက်ကြပါ...။

Download Advanced Task Killer >>

0 comments:

Post a Comment

Recent Posts