Ads 468x60px

Friday, 21 October 2011

Ubuntu Portable Pendrive လုပ်ပြီး အိတ်ဆောင် OS အဖြစ်အသုံးပြုခြင်း။

ကျနော်တို့  Ubuntu ကို သွားလေရာကိုယူသွားပြီး တွေ့ တဲ့ Computer ရဲ့  USB အပေါက်လေးမှာထိုးပြီး သုံးလို့  ရအောင်ကျနော်တို့ လုပ်ကြည့် ပါမယ် Window ကနေ အရင်ဆုံးလုပ်ကြည့် ပါမယ် Ubuntu Portable Pendrive တစ်ခု အတွက် လိုအပ်ချက်တွေ ကတော့  ပထမဆုံး Ubuntu 11.04 သို့ မဟုတ် တစ်ခြား Ubuntu Version iso ဖိုင်တစ်ခုလိုအပ်ပါတယ် နောက် Memory strick 2 Gb တစ်ချောင်းလိုပါတယ် ( Ubuntu Ultimate Edition အတွက်တော့  4 Gb လိုပါတယ် ) နောက်ဆုံးတစ်ခုက တော့  Universal Installer လေးလိုအပ်ပါတယ် ဒီနေရာမှာ သွားပြီးဒေါင်းလုပ် ယူနိုင်ပါတယ် ပြီးလျင် အောက်တွင်ပါသောပုံများအတိုင်း run လိုက်ပါ။







အပေါ်တွင်ပါသောအဆင့် များသည်လွယ်ကူရှင်းလင်းသောကြောင့် ကျနော်ရှင်းပြစရာ မလိုဟု ထင်ပါသည်။ အောက်တွင်ပြထားသောပုံအတိုင်းကျနော်တို့  အသုံးပြုလိုသော Ubuntu Version ကိုရွေးလိုက်ပါ ။


ထိုနောက် Browse ကို click လိုက်ပါ။



အောက်တွင်ပြထားသောပုံအတိုင်း ကျနော်တို့ တွင်ရှိသော Ubuntu Iso ဖိုင်အားရွေးပြီး
Open  လုပ်လိုက်ပါ။
နောက်ဆုံးအဆင်အနေဖြင့်  Step3 Select your USB flash drive ဆိုတဲ့ အောက်တွင် 
ရှိသော Box လေးထဲတွင် Down arrow ကို Click နှိပ်ပြီး ကိုယ့်ရဲ့  memory strick ကိုရွေး ပြီး Create
လုပ်လိုက်ပါ။




ထိုနောက် File Transfer လုပ်ခြင်းပြီးဆုံးသွားပါ က ကျနော်တို့  Ubuntu Portable Pendrive တစ်ခုပိုင်ဆိုင်သွားပြီဖြစ်ပါတယ် ကျနော်တို့  အသုံးပြုလိုသော Computer ကို အခုလုပ်ထားသော Ubuntu Portable Pendrive ကို USB ပေါက်တွင်တပ်လိုက်ပါ ထိုနောက် Computer ကို      Reboot တက်အောင်လုပ်ပြီး USB ကနေ Boot တက်လိုက်ပါ ထိုနောက် Ubuntu ကိုအောက်ပါပုံ အတိုင် Try Ubuntu ကို Click လိုက်ပြီး Ubuntu Portable Pendrive ကိုစတင်အသုံးပြုလို့ ရပါပြီ။





အထူးသတိပြုရန်မှာ သူတပါး၏ Computer အား ပိုင်ရှင်မသိစေပဲ မသမာသော စိတ်ထားဖြင့်  အခုကျနော်ပြောသောနည်းအတိုင်း အသုံးမပြုမိပါစေနှင့် ....... ( အဘယ့် ကြောင့် ဆိုတော့ Ubuntu ကနေ Window File System တွေအားလုံးထဲကို ဝင်ရောက်ယူငင်နိုင်သောကြောင့် ဖြစ်သည်။ )
မှတ်ချက် ။       ။ Install Ubuntu ကို double click မိပါစေနှင့်  သူသည် Ubuntu ကို မိမိ Computer ထဲတွင် အပြီးအပိုင် Install လုပ်လိုမှ သုံးခြင်းဖြစ်ပါသည်....
Ubuntu Portable Pendrive တစ်ခု လုပ်ပြီး အမြဲသုံးချင်လျှင် Ubuntu Ultimate Edition သော်လည်းကောင်း ကိုယ်တိုင် Customize လုပ်ပြီးသော Ubuntu Iso ကိုလည်ကောင်း သုံးခြင်း က ပို အဆင်ပြေမယ် ဖြစ်ပါသည် ။ Ubuntu iso သက်သက် သည် Myanmar Keyboard ထည့် သွင်းမရပါ flash player မရှိသဖြင့်  Internet အတွက်အဆင်မပြေပါ တစ်ခြား Player များသည်လည်း Update မလုပ်ရသေးသောကြောင့် အသုံးပြုလို့ မရနိုင်ပါ.။ 
 အဲသည် ပြသနာအားလုံးကိုဖြေရှင်နိုင်ဖို့ အတွက် Ubuntu ကို ကိုယ်တိုင် အရင်ဦးဆုံး Customize လုပ်ပြီး iso ဖိုင်ထုတ်ပြီး မှ Ubuntu Portable Pendrive တစ်ခုလုပ်ပြီးအသုံးပြုခြင်းသည် အသင့် တော် ဆုံးဖြစ်ပါသည် notebook အတွက် ကျနော် ကိုယ်တိုင်စမ်းလုပ်ကြည့် မိတယ် Compiz က အစ Ubuntu Portable Pendrive တွင် အသုံးပြုလို့ ရပါသည် တစ်ခြား Application တွေအားလုံးလည်းသုံးလို့  အဆင်ပြေပါသည် ကျနော် နောက်အချိန်ရရင် Ubuntu Customize iso လုပ်နည်းအား ဆက်လက်ရေးသားပါမည်။


                          မသိသေးသော သူငယ်ချင်းများအတွက် ရည်ရွယ်ပြီးရေး ပါသည်။

USB Stick ဖြင့် Dual bootable Window ဖန်တီးခြင်း။


အကြောင်းအမျိုးမျိးကြောင့် CD /DVD Drive မရှိတဲ့စက်တွေကို Window OS တင်ရတဲ့အခါ။
ဒါလေးကအသုံးတည် ့ ပါတယ်။ ဒီအတွက် ကျွန်တော်တို ့USB Stick တစ်ချောင်းတည်းဖြင့်
Window OS နှစ်ခုကို Bootable ပြုလုပ်ပြီးတော့ Window installation ပြုလုပ်ရန်အတွက်
ဒီ bootable usb လေးကိုပြု လုပ် မှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်အတွက်လိုအပ်ချက်တွေကတော့

၁။ အနည်းဆုံး 4GB ရှိသော Memory Stick တစ်ချောင်း (သို ့) 8GB Memory Stick
၂။Window XP CD
၃။Window7 DVD

ဒါဆိုရင်ကျွန်တော်တို ့စလုပ်ကြည့်ကြရအောင်။
၁။ ပထမဆုံးကျွန်တော်တို ့ရဲ ့usb stick ကို format ချရမှာဖြစ်ပါတယ်။ ဒီအတွက် WinSetupFromUsb
လေးကို Download လုပ်လိုက်ပါ။ ပြီးရင် install လုပ်လိုက်ပါ။ ( Memory Stick ဟာအနည်းဆုံး 4GB ဖြစ်ရပါတယ်။
ဘာလို ့ လည်းဆိုတာ့ကျွန်တော်တို ့က Dual OS boot လုပ်မှာမို ့လို ့ပါ။ )။ ပြီးတော့ အဲဒီ WinSetupfRom Usb လေးကို
run လိုက်ပါ။ ဒါဆိုရင်ဒီလိုပုံလေးပေါ်လာပါလိမ့်မယ်။

( Post ရှည်နေပါသဖြင့် pdf ebook လေးလုပ်ပေးလိုက်ပါတယ်။ WinSetupfromusb လေးပါတစ်ပါတည်းထည့်ပေးထားပါတယ်။)

အောက်တွင် download လုပ်လိုက်ပါ။
USB Stick Dual bootable Window.pdf USB Stick Dual bootable Window.pdf, 394 KB

font ရှိရှိမရှိရှိ သင့် ဝဗ်ဆိုက်/blog ကို ဘယ်သူမဆို ဖတ်လို့ရအောင် လုပ်ချင်ရင်-

ဟုတ်ပါတယ်။ ဘယ် မြန်မာဖွန့်မှ ထည့်မထားတဲ့ စက်မှာတောင် မြန်မာ လိုဖတ်လို့ရတဲ့ နည်းပညာ ထွက်ပါပြီ။ မြန်မာ ယူနီကုဒ်ကို သုံးထားရင် လုပ်လို့ရပါတယ်။ ဇော်ဂျီ သုံးထားရင်တော့ ရမှာ မဟုတ်ပါဘူး။
Myanmar Unicode သုံးထားတဲ့ သင့် ဝဗ်ဆိုက်/blog ကို ဘယ် Myanmar font မှ မရှိတာတောင် ဖတ်လို့ ရသွား စေရပါမယ်။  ဒီဆော့ဝဲကျေးဇူးနဲ့ ဝဗ်ဆိုက်ပိုင်ရှင်တိုင်း Unicode ကို စိတ်ချလက်ချ ပြောင်းသုံးနိုင်ပါပြီ။ ကိုယ့်ဝဗ်ဆိုက်ကို အခြားလူ ဖတ်မရမှာ စိုးရိမ်စရာ မလိုတော့ပါဘူး။ ဒီစနစ်ကို တီထွင်သူ ၂ ယောက်ကို အထူးကျေးဇူး တင်ဘို့ ကောင်းပါတယ်။ ဖြစ်နိုင်ရင် သူတို့ ၂ ယောက်ဆီကို ကျေးဇူးတင်စာ ပို့ပေးလိုက်ပါ။
  • Keith Stribley -- http://www.thanlwinsoft.org
  • Wunna Ko Ko -- http://my.openoffice.org/bur/

လွယ်ပါတယ်။ ဒါလေး ၃ ခု လုပ်ရုံပါဘဲ။ web page တိုင်းမှာ လုပ်ရမှာဆိုတော့ WordPress, Joomla, blog တို့ သုံးရင်တော့ template မှာ တစ်ခါ ဝင်ပြင်ရုံပါဘဲ။ html page တွေဆိုရင်တော့ စာမျက်နှာတိုင်း ပြင်ဘို့ လိုပါလိမ့်မယ်။

  1. <head> နဲ့ </head> ကြားထဲမှာ ဒါလေး ထည့်ထားပါ။
    <!--[if IE]>
    <style>vml\: * { behavior:url(#default#VML); display:inline-block }</style>
    <xml:namespace ns="urn:schemas-microsoft-com:vml" prefix="vml" />
    <![endif]-->
      <script type="text/javascript" src="http://mut.rit-alumni.info/styles/myDetection.js"></script>
      <script type="text/javascript" src="http://mut.rit-alumni.info/styles/xmlRequest.js"></script>
         
  2. <body> tag ကို ဒီလို အစားထိုး ဘို့ လိုပါတယ်။
    <body onload="myUnicode.initParse('http://mut.rit-alumni.info/styles/');">
        
  3. invisible code လေးတစ်စုကို footer မှာဘဲဖြစ်ဖြစ် web page ရဲ့ တစ်နေရာမှာ ထည့်ထားပေးဘို့ လိုပါတယ်။
    <span class="myUniTest" id="myWidth2">ကက</span>
    <span class="myUniTest" id="myWidth1">က္က</span>

Recent Posts