

အပေါ်တွင်ပါသောအဆင့် များသည်လွယ်ကူရှင်းလင်းသောကြောင့် ကျနော်ရှင်းပြစရာ မလိုဟု ထင်ပါသည်။ အောက်တွင်ပြထားသောပုံအတိုင်းကျနော်တို့  အသုံးပြုလိုသော Ubuntu Version ကိုရွေးလိုက်ပါ ။

အောက်တွင်ပြထားသောပုံအတိုင်း ကျနော်တို့ တွင်ရှိသော Ubuntu Iso ဖိုင်အားရွေးပြီး
Open လုပ်လိုက်ပါ။
ရှိသော Box လေးထဲတွင် Down arrow ကို Click နှိပ်ပြီး ကိုယ့်ရဲ့  memory strick ကိုရွေး ပြီး Create
လုပ်လိုက်ပါ။

ထိုနောက် File Transfer လုပ်ခြင်းပြီးဆုံးသွားပါ က ကျနော်တို့  Ubuntu Portable Pendrive တစ်ခုပိုင်ဆိုင်သွားပြီဖြစ်ပါတယ် ကျနော်တို့  အသုံးပြုလိုသော Computer ကို အခုလုပ်ထားသော Ubuntu Portable Pendrive ကို USB ပေါက်တွင်တပ်လိုက်ပါ ထိုနောက် Computer ကို Reboot တက်အောင်လုပ်ပြီး USB ကနေ Boot တက်လိုက်ပါ ထိုနောက် Ubuntu ကိုအောက်ပါပုံ အတိုင် Try Ubuntu ကို Click လိုက်ပြီး Ubuntu Portable Pendrive ကိုစတင်အသုံးပြုလို့ ရပါပြီ။


အထူးသတိပြုရန်မှာ သူတပါး၏ Computer အား ပိုင်ရှင်မသိစေပဲ မသမာသော စိတ်ထားဖြင့်  အခုကျနော်ပြောသောနည်းအတိုင်း အသုံးမပြုမိပါစေနှင့် ....... ( အဘယ့် ကြောင့် ဆိုတော့ Ubuntu ကနေ Window ၏ File System တွေအားလုံးထဲကို ဝင်ရောက်ယူငင်နိုင်သောကြောင့် ဖြစ်သည်။ )
မှတ်ချက် ။ ။ Install Ubuntu ကို double မ click မိပါစေနှင့်  သူသည် Ubuntu ကို မိမိ Computer ထဲတွင် အပြီးအပိုင် Install လုပ်လိုမှ သုံးခြင်းဖြစ်ပါသည်....။
Ubuntu Portable Pendrive တစ်ခု လုပ်ပြီး အမြဲသုံးချင်လျှင် Ubuntu Ultimate Edition သော်လည်းကောင်း ကိုယ်တိုင် Customize လုပ်ပြီးသော Ubuntu Iso ကိုလည်ကောင်း သုံးခြင်း က ပို အဆင်ပြေမယ် ဖြစ်ပါသည် ။ Ubuntu iso သက်သက် သည် Myanmar Keyboard ထည့် သွင်းမရပါ flash player မရှိသဖြင့်  Internet အတွက်အဆင်မပြေပါ တစ်ခြား Player များသည်လည်း Update မလုပ်ရသေးသောကြောင့် အသုံးပြုလို့ မရနိုင်ပါ.။
အဲသည် ပြသနာအားလုံးကိုဖြေရှင်နိုင်ဖို့ အတွက် Ubuntu ကို ကိုယ်တိုင် အရင်ဦးဆုံး Customize လုပ်ပြီး iso ဖိုင်ထုတ်ပြီး မှ Ubuntu Portable Pendrive တစ်ခုလုပ်ပြီးအသုံးပြုခြင်းသည် အသင့် တော် ဆုံးဖြစ်ပါသည် notebook အတွက် ကျနော် ကိုယ်တိုင်စမ်းလုပ်ကြည့် မိတယ် Compiz က အစ Ubuntu Portable Pendrive တွင် အသုံးပြုလို့ ရပါသည် တစ်ခြား Application တွေအားလုံးလည်းသုံးလို့  အဆင်ပြေပါသည် ကျနော် နောက်အချိန်ရရင် Ubuntu Customize iso လုပ်နည်းအား ဆက်လက်ရေးသားပါမည်။
မသိသေးသော သူငယ်ချင်းများအတွက် ရည်ရွယ်ပြီးရေး ပါသည်။
0 comments:
Post a Comment