
`အိုင်တီသမားတိုင်း Flash drive ကို အိတ်ဆောင်လာကြတဲ့ခေတ်မှာ ဖလောပီဆိုတာ ပြတိုက်မှာသွားကြည့်ရတော့မယ်ထင်တယ်။ လူတိုင်း OS ကို Flash drive နဲ့အတူ အိတ်ထဲထည့်သွားလို့ရပြီ။ အကျိုးတရားက ကိုယ်ရောက်တဲ့နေရာမှာ ကွန်ပျူတာရှိရင် ကိုယ်ကြိုက်တဲ့ Windows operating system ကို flash ထိုးပြီးတော့သုံးနိုင်လိမ့်မယ်´
ကွန်ပြူတာ ပြောင်းသုံးပါဆိုရင် လက်တွန့်ချင်တဲ့သူတွေ ရှိတယ်။ တစ်ချို့က XP သုံးတယ်။ တစ်ချို့က Vista သုံးတယ်။ ပိုပြီးလစ်ဘရယ်ကျသူတွေကတော့ Linux ကို သုံးကြတယ်။ Linux ရဲ့ Ubuntu OS ကိုနေရာတိုင်းမှာ ရဖို့မလွယ်ဘူး။ ဒါကြောင့် တစ်မျိုးကြံဆောင်ကြည့်ရအောင်။ ကိုယ့် flash drive ထဲ ထည့်သွားမယ်။ ရောက်တဲ့နေရာမှာ ကိုယ့် OS ကိုကိုယ်သုံးမယ်။ ဒီနေရာမှာ Ubuntu ကိုသုံးရင် 2GB လောက်ရှိတဲ့ space လောက်နဲ့ရတယ်။ Vista ကိုသုံးရင် အနည်းဆုံး 20GB လောက် space ရှိမှဆိုတော့ နှိုင်းယှဉ်ကြည့်ရင် ဆယ်ဆလောက်ကွာနေတာ တွေ့ရမယ်။
Matrix ရုပ်ရှင်ကိုကြည့်ဖူးကြမှာပေါ့။ ထောက်လှမ်းရေး အေးဂျင့် စမက်တွေကို လူတွေအများကြီး clone နေနဲ့ပွားထားတာ။ ခုလည်း OS ကို clone အနေနဲ့ပွားပြီး ကွန်ပျူတာမျိုးကွဲတွေ သုံးနိုင်တဲ့ခေတ်ရောက်လာပါပြီ။ ဒီလိုလုပ်ဖို့ ဘာတွေလိုသလဲ။
--> အင်တာနက် connection
--> အနည်းဆုံး 2GB ပမာဏရှိတဲ့ USB ကနေ ထိုးသုံးနိုင်တဲ့ flash drive တစ်ချောင်း (အဲဒီ drive ထဲမှာ ဘာ data မှမရှိအောင် ရှင်းထားရမယ်။ ဘာကြောင့်လည်းဆိုတော့ OS တင်လိုက်ရင် အဲဒီ data တွေကို အလိုလိုရှင်းလိုက်လိမ့်မယ်။)
--> Ubuntu Live CD တစ်ချပါ။ (www.ubuntu.com ကနေ အခမဲ့ download လုပ်နိုင်တယ်။ အဲဒီကတစ်ဆင့် CD ထဲကို bun ထားတဲ့ Live CD တစ်ချပ်လိုတယ်။) ရှင်းအောင်ပြောရရင် Ubuntu Installation CD တစ်ချပ်လိုတယ်။
ဘာတွေလုပ်ကြမလဲ
အောက်မှာဖော်ပြတဲ့ အဆင့်ဆင့်ကို Command Line တွေနဲ့ သွားရမှာဖြစ်လို့ MS-DOS ကို ပြန်သတိရဖို့လိုတယ်။ Ubuntu မှာတော့ ဒါကို Terminal လို့ခေါ်တယ်။
သိပ်အခက်ကြီးမဟုတ်ပါဘူး။ ကီးဘုတ်ပေါ်က စာရိုက်ထည့်တက်ရင် ရပြီ။ မောက်စ်ကို အဓိကထားပြီးတော့ click လုပ်နေရချိန်မှာ command တွေကို ရိုက်ထည့်ရတယ်ဆိုတော့ နောက်ပိုင်းကွန်ပျူတာသမားတွေ စိမ်းနေပါလိမ့်မယ်။ အတွေ့အကြုံသစ်တစ်ခုလို့ သဘောထားလိုက်ပါ။ အဲဒီ command တွေနဲ့ပဲ ကွန်ပျူတာခေတ်ကို ထူထောင်ခဲ့ပါတယ်။ Command ရိုက်ထည့်ရတာ အမှားလုံး၀လက်မခံဘူး။ ဒါကြောင့် သတိထားပါ။
အဆင့် ၁
ပထမဦးဆုံး ကိုယ့်ကွန်ပျူတာကို Ubuntu နဲ့ boot တက်အောင် လုပ်ပါ။ အဲဒီ OS ကို install လုပ်ထားတာမရှိရင် Live CD ကိုသုံးရမယ်။ Ubuntu ကိုတင်ထားတဲ့ ကွန်ပျူတာမှာသွားလုပ်ရင်သွားလုပ်၊ မလုပ်ရင်လညး် ကိုယ့်ကွန်ပျူတာမှာတင်လိုက်ပါ။ နောက်ဆုံး OS မှာ Ubuntu တက်ပြီဆိုရင် ကွန်ပျူတာထဲကို flash drive ထိုးလိုက်ပါ။ Terminal application ကို run လိုပ်ပါ။ (Application>Accessories>Terminal)
အဆင့် ၂
sudo su လို့ရိုက်ထည့်လိုက်ပါ။ ပြီးရင် ကိုယ့် password ကိုရိုက်ထည့်မယ်။
ကိုယ်တပ်ထားတဲ့ drive တွေနဲ့ partition ကိုသိနိုင်ဖို့ fdisk -1လိုရိုက်ထည့်ပါ။ /dev/sdx စာရင်းမှာ ကိုယ့် flash drive ကိုတွေ့ရမယ်။ x ဆိုတာက ကိုယ့်မှာရှိတဲ့ drive အရေအတွက်အရ ဖြစ်နိုင်မှာကိုပြောတာ။ d/e/f တစ်ခုခုဖြစ်နိုင်တယ်။ ကိုယ့် flash drive က e ဖြစ်နေရင် /dev/sde လို့မှတ်ယူရမယ်။
umount/dev/sdx1 လို့ရိုက်ထည့်ပါ။ Flash drive ကိုသိစေနိုင်ဖိုကပါ။ x မှာကိုယ့် drive ရဲ့အပိုင်းကိုရိုက်ထည့်ရမှာ မမေ့ပါနဲ့။
နောက်တစ်ဆင့် fdisk/dev/sdx လို့ထပ်ရိုက်။
p လို့ရိုက်ပါ။ ရိုက်သမျှ drive တွေရဲ့ partition တွေ အားလုံးကိုဖော်ပြပေးလိမ့်မယ်။ Partition တွေကို ဖျက်ချင်ရင် d ကို press လုပ်လိုက်။ Delete လုပ်လိုက်လိမ့်မယ်။ ဥပမာ partition ကို နှစ်ပိုင်းခွဲထားရင် ဖျက်ခိုင်းတာ။
p လို့ရိုက်ထည့်၊ တကယ်ပဲ partition တွေ ပျက်မပျက်ပြန်စစ်၊ မပျက်သေးဘူးဆိုရင် delete command ဖြစ်တဲ့ d ကိုပြန်သုံး။
Partition အသစ်ပြန်လုပ်ဖို့ n ကိုရိုက်ထည့်ပါ။ သူ့ကို primary partition လုပ်ဖို့ p လို့ရိုက်ထည့်ပေး။ ပထမဦးဆုံး partition ဖြစ်စေချင်လို့ 1 လို့ထပ်ရိုက်ပေးမယ်။ ပြီးရင် Enter နှိပ်ပါ။ ဒါဆိုရင် သူ့ကို default အနေနဲ့သုံးနိုင်ပြီ။
နောက်တစ်ဆင့် partition ရဲ့ size ကို သတ်မှတ်နိုင်ဖို့လိုတယ်။ 750MB ကိုသတ်မှတ်နိုင်ဖို့ +750M လို့ရိုက်ထည့်ပေးရမယ်။ အဲဒီ partition ကို active ဖြစ်စေဖို့ a လို့ရိုက်ထည့်ပေးမယ်။
ခွဲထားတဲ့ partition ထဲကို system ထည့်ဖို့ 1 လို့ရိုက်ထည့်လိုက်ပါ။ ကိုယ် system ထည့်မယ့်အပိုင်းကို ရွေးလိုက်တဲ့သဘော။
t လို့ရိုက်မယ်၊ နောက်ထပ် 6 လို့ရိုက်မယ်။ filesystem ကို FAT16 ဖြစ်စေချင်လို့ပါ။
ဒုတိယ primary partition ကိုထပ်ခွဲနိုင်ဖို့ n လို့ထပ်ရိုက်၊ နောက်ထပ် p ရိုက်၊ နောက်ထပ် 2 ကိုရိုက်ပါ။
ပြီးရင် Enter နှိပ်ပါ။ နှစ်ကြိမ်နှိပ်ပါ။ ဒါဆိုရင် Default နဲ့နောက်ထပ် partition တစ်ခုကို ထပ်တွေ့ရလိမ့်မယ်။
w လို့ရိုက်၊ partition ကို unmount လုပ်နိုင်ဖို့ umount/dev/sdx1 လို့ထပ်ရိုက်ပါ။
Partition ကို format ချနိုင်ဖို့
mkfs.vfat -F 16 -n ubuntu710 /dev/sdx1 လို့ ရိုက်ထည့်ပါ။
နော်ကထပ် ဒုတိယ partition ကို format လုပ်နိင်ဖို့ umount/dev/sdx2 လို့ရိုက်၊ ပြီးရင် mkfs.ext2 -b 4096 -L casper-rw /dev/sdx2 လို့ရိုက်ထည့်။
အဆင့် ၃
ခုလုပ်ရမှာ flash drive ကိုဆွဲထုတ်လိုက်ပါ။ ပြီးရင်ပြန်ထိုးပါ။
apt-get update လို့ရိုက်၊ အဲဒီအချိန်မှာ စာတန်းအရှည်ကြီးတွေပေါ်လာလိမ့်မယ်။ ကိုယ့် system ကို Ubuntu က up-date လုပ်နေတာ။
အဆင့် ၄
Syslinux နဲ့ mtools application တွေကို install လုပ်ဖို့လိုတယ်။ apt-get install syslinux mtools လို့ရိုက်၊ prompt ပေါ်လာရင် yes သဘောသက်ရောက်စေဖို့ y ကိုရိုက်ထည့်ပြီး Enter လုပ်ရမယ်။ ပြီးရင် syslinux -sf /dev/sdx1 လို့ရိုက်ထည့်ပါ။
အဆင့် ၅
ဒီအဆင့်မှာ CD-ROM ကနေ ဖိုင်တွေယူသုံးရတော့မယ်။ cd/cdrom လို့ရိုက်ထည့်ပြီး CD-ROM ကို သိအောင်လုပ်ပါ။ CD-ROM ကနေဖိုင်တွေကို flash drive ကိုရောက်သွားစေဖို့ ဒါတွေရိုက်ထည့်မယ်။
cp -rf casper disctree dists install pics pool preseed .disk isolinux/*md5sum.txt
README.diskdefines ubuntu.ico casper/vmlinuZ casper/initrd.gz media/ubuntu710
Error အနေနဲ့ cannot create symbolic link ဆိုတာပေါ်လာလိမ့်မယ်။ ဂရုမစိုက်ပါနဲ့။ ဆက်လုပ်ပါ။
အဆင့် ၆
cd လို့ရိုက်ထည့်ပြီး မူလ directory ကိုပြန်သွားပါ။ ပြီးရင် အင်တာနက်ကနေ zip file ကို download လုပ်ယူပါ။
wget pendrivelinux.com/downloads/u710 fix.zip လို့ရိုက်ထည့်။
Flash drive ထဲကို zip file တွေဖြည်ပြီးရောက်သွားနိုင်ဖို့ unzip -o -d/media/ubuntu710/u710fix.zip လို့ ထပ်ရိုက်ပေးပါ။
အဆင့် ၇
ကိုင်း အားလုံးပြီးသလောက်ဖြစ်နေပြီ။ CD ကိုထုတ်လိုက်၊ ကွန်ပျူတာကို reboot ပြန်လုပ်။ Flash drive ကိုမဖြုတ်နဲ့ ဆက်ထိုးထား။ ကွန်ပျူတာပြန်ပွင့်လာရင် Ubuntu နဲ့ bootup လုပ်တာတွေ့ရလိမ့်မယ်။
Run in presistent mode-USB ကို boot တက်လာတိုင်းရွေးပေးပြီး boot ကို save လုပ်ထားလိုက်ပါ။
ပြဿနာတက်နေသလား၊ ပြန်စစ်ကြည့်ရအောင်
ကွန်ပြူတာဖွင့်လိုက်ပေမယ့် ထင်သလိုဖြစ်မလာဘူး၊ ပြဿနာရှိနေတယ်ဆိုရင် အချက်နှစ်ချက်ကြောင့်ဖြစ်နိုင်တယ်။ ကိုယ့် flash drive ကိုပြန်စစ်ဖို့လိုတယ်။
၁။ ခင်ဗျားကွန်ပျူတာက USB drive ကိုမသိလို့ဖြစ်နိုင်တယ်။ ကွန်ပျူတာကို reboot ပြန်လုပ်ပါ။ ကွန်ပြူတာပြန်ဖွင့်တာနဲ့ BIOS ထဲရောက်အောင်၀င်ပါ။ (ကွန်ပျူတာအတက်မှာ F2 နှိပ်ရင်ရတယ်။) Menu ထဲမှာ USB drive ပါမပါ(သိမသိ) စစ်ဆေးပါ။ ရွေးချယ်ရမယ့် list မှာ USB drive ကို ပထမဦးစားပေးစပြီး boot လုပ်ဖို့ရွေးပေးခဲ့ပြီး Save လုပ်၊ ကွန်ပျူတာကို ပြန်တက်အောင်လုပ်ပါ။
၂။ ပြဿနာဆက်ဖြစ်နေသေးတယ်ဆိုရင် ခင်ဗျား flash drive ရဲ့ MBR(Master Boot Record) ဟာ အလုပ်မလုပ်လို့ ဖြစ်လိမ့်မယ်။ Ubuntu ထဲကTerminal application မှာ apt-get install lilo လို့ရိုက်ထည့်ရမယ်။ ပြီးရင် y ကို နှိပ်ပြီး ပရိုဂရမ်ကို install လုပ်ရမယ်။ Install လုပ်ပြီးရင် lilo-M/dev/sdx လို့ရိုက်ပြီး MBR ကိုပြင်ပေးလို့ရတယ်။
AM2
2008 February, Personal Computer 127
(ဤဆောင်းပါးကို 2008 February, Personal Computer page-127 မှ ပြန်လည်ကူးယူဖော်ပြပါသည်။)
0 comments:
Post a Comment