Ads 468x60px

Saturday, 22 October 2011


                                            TuneUp အကြောင်းတစ်စေ့တစ်စောင်း

 အားလုံးပဲ မင်္ဂလာပါဗျာ Tune up utilities အသုံးပြုပုံ ပြုနည်း  ဆွေးနွေးကြည့်ရအောင်ဗျာ
သိပြီးသား သူငယ်ချင်းမိတ်ဆွေ များကိုတော့ sorry ပါဗျာ မသိရှိသေးသော သူများအတွက် အလွန်အသုံးဝင်မယ်လို့ ယူဆလို့ တင်ပြလိုက်ပါရစေ
TuneUp Utilities 2010 ကို စံထားပြီး ဆွေးနွေးသွားပါမယ်***
Tuneup ကတော့ မိတ်ဆွေတို့ရဲ့ Window operation system ကို
ပိုမိုမြန်ဆန် ၊ ကောင်းမွန်၊သွက်လက်လာအောင် mouse click လုပ်ပေး
လိုက်ယုံနဲ့ ဆောင်ရွက်ပေးနိုင်တဲ့ utilities ပါ**** ဒီလိုဆွေးနွေးပြောကြားရာမှာ
ပိုမိုလွယ်ကူသွားအောင် Category (၆) ပိုင်း၊ module လေးတွေ ခွဲပြီး ဆွေနွေးသွားပါမယ်..
Category – increase performance
၁။ Tuneup Drive Defrag
Harddisk မှာ တစ်စစီပြန့် ကျဲနေတဲ့ file တွေ ကို စနစ်တကျ ပြန်လည်
စိရီပေးခြင်း၊ window လုပ်ဆောင်နိုင်မှု့ ပမာဏကို မြင့်တင်ပေးခြင်းတို့
လုပ်ဆောင်ပါတယ်
၂။ TuneUp StartUp Manager
Window StartUp မှာ applications တွေကို ထိန်းချုပ်နိုင်တဲ့ module
လေးပါ (ဥပမာ- လိုအပ်တဲ့ application တွေကို automatic start လုပ်ခြင်း၊ မလိုအပ်တဲ့
Application တွေ ကို Automatic start မလုပ်စေခြင်း)
၃။TuneUp System Optimizer
System , system configuration , internet တို့ကို speeds up ပြုလုပ်ပေးနိုင်ပါတယ်
၄။ TuneUp Registry Defrag
Registry ထဲက physical errors တွေကို ပြုပြင် မှန်ကန်သွားစေခြင်း
ပြန်လည်စီရီပေးခြင်းတို့ လုပ်ဆောင်ပါတယ်
၅။TuneUp Memory Optimizer
မလိုအပ်တဲ့ physical Memory ကို freeup , clear ,move ပြုလုပ်နိုင်တဲ့
module လေးပါ သူရဲ့ ထူးခြားချက်ကတော့ သူကို run လိုက်တာနဲ့
notification area ပုံစံမျိုးနဲ့ ပြသနေမှာ ဖြစ်ပြီး ၊ window startup မှာ လဲ
automatic load ပေးထားလို့လဲရပါတယ်….
Categorie – Free up disk space
၁။ Unnecessary files and backups
ဒါကတော့ ရှင်းပါတယ် မလိုအပ်တဲ့ ဖိုင်တွေကို အလွယ်တကူ remove လုပ်နိုင်
Disk system ထဲထိ virus ၀င်နေတဲ့ အခါ backup ပြုလုပ်လိုတဲ့ အခါမှာ အသုံးပြု နိုင်ပါတယ်
၂။ Windows function
ဒီ module လေးကတော့ User တိုင်းအတွက်မလိုအပ်ပါဘူး( ကျွန်တော်လဲ တစ်ခါမှ မသုံးဘူးသေးပါ..:P)
Hibernation (hibernation n. A state in which a computer shuts down after saving everything in memory to the hard disk. When the computer is powered on, programs and documents that were open are restored to the desktop. See also standby. )ကို အသုံးပြုတဲ့ user များအတွက် သီးသန့် ဖြစ်ပါတယ်
အဲ window messenger ကို မျက်စိ ရှုပ်နေသူများကတော့ ဒီမှာ အလွယ်တကူ remove
လုပ်နိုင်ပါတယ်ဗျာ..
၃။ TuneUp Disk Space Explorer
Window system မှာပါတဲ့ disk clean up နဲ့ အတူတူပါပဲ
အဲ ပိုမိုကောင်းမွန် တဲ့ အချက်ကတော့ File type အမျိုးအစားလိုက် ခွဲခြားပြီးတော့
Number,Size,Percent တို့နဲ့ ဖော်ပြပေးခြင်းပါပဲ
Category- Maintain windows
၁။ Tuneup ကို Run ပြီးတာ နဲ့ အလွယ်တစ်ကူ အသုံးပြု လို့ ရအောင်
ပေးထားတဲ့ module လေးပါ လူတိုင်းသိပြီးသား ဖြစ်မှာပါ ၊ systems ကို cleans လုပ်ပေးခြင်း၊
စီရီပေးခြင်း( defragements) တို့လုပ်ဆောင်ပါတယ် ..defragement လုပ်ဆောင်ပေးခြင်းကတော့
08 မှစတင်ပါရှိလာတာ ဖြစ်ပါတယ်..
၂။ TuneUp Registry Cleaner
အသုံးမဝင်၊ မှားယွင်း ဒါမှမဟုတ် update မဖြစ်တော့တဲ့ entries , refrences တွေကို
Remove လုပ်ဆောင်ပေးနိုင်ပါတယ်
Category- Solve problems
၁။ TuneUp Disk Doctor
တော်တော် အသုံးဝင်တဲ့ module လေးပါ
Drives မှာရှိတဲ့ errors တွေကို ရှာဖွေပေးခြင်း၊ မှန်ကန်အောင်
ပြုပြင်ပေးခြင်း တို့လုပ်ဆောင်ပါတယ် ကျွန်တော် ကွန်ပျုတာ စတင်
အသုံးပြူခါစက ကွန်ပျူတာ ကို ဟိုကလိ ဒီကလိ လုပ်လိုက်တာ
Harddisk E ကို ဖွင့်လိုက်တာနဲ့ shutdown ဖြစ်ဖြစ်သွားတာ
Virus စစ်ကြည့်တော့ လဲမတွေ့ဘူးဗျ အဲဒါနဲ့ ဒီ module လေးနဲ့
ဖြေရှင်းလိုက်မှ အဆင်ပြေသွားတော့တယ် ဗျာ ( ဒီ doctor က ခြေကြွခမပေးရပေလို့ပဲ …:P)

၂။Tuneup Repair Wizard
Window, display မှာ အများဆုံးဖြစ် တတ်တဲ့ problems တွေကို
ဖြေရှင်းပေးနိုင်ပါတယ် Wizard ကို Run ပြီး တဲ့ အခါ
Select the problems that occur with you လိုမေးထား
ပါတယ် ကိုယ်ဖြစ်နေတဲ့ problems အပိုင်းလေးတွေကို check ပေးပြီး Next ပေးလိုက်ယုံပါပဲ
၃။ TuneUp Undelete
တကယ်ကို အသုံးဝင်တဲ့ module လေးပါပဲ shit+Delete နဲ့ ဖျက်လိုက်မိလို့
Recycle Bin ထဲကနေ လဲ ပြန်ခေါ်လို့မရ ဖြစ်နေတဲ့ အချိန်မျိုးမှာ ဒါလေးက
လွယ်ကူမြန်ဆန်စွာ နဲ့ recovers လုပ်ပေးနိုင်ပါတယ်..
Category- Customize Windows
၁။ TuneUp System Control
ဒီမှာကတော့ windows, programs ,internet settings တွေ
Appearance, Start menu , taskbar စတာတွေကို ပြုပြင်
ပြောင်းလဲပေးနိုင်ပါတယ် တော်တော် လေးစုံလင်တာကို
တွေ့ရပါတယ် မိမိကွန်ပျုတာကို Network မှာ ဖျောက်ထားနိူင်တဲ့
Security လိုဟာမျိုးကစပြီး Mouse, keyboard စတဲ့ Input Options
တွေအဆုံး ဒီနေရာလေးမှာ ပဲ ကြိုက်သလို ပြုပြင်ပြောင်းလဲ နိုင်ပါတယ်
၂။ TuneUp Styler
ဒီ module လေးကတော့ Boot screen, Logon Screen, Visual Style
Icon size စာတာတွေကို လွယ်ကူစွာပြောင်းလဲ ပေးနိုင်ပါတယ်
Category- Additional tools
၁။TuneUp Processor Manager
လက်ရှိ မိမိစက်မှာ run ထားတဲ့ programs တွေကို manage
ပြုလုပ်နိုင်ပါတယ် Task manager နဲ့ သဘောတရား ခြင်းအတူတူ
ပါပဲ
၂။TuneUp Registry Editor
ဒီ Editor လေးက တော့ registry ကို ပြောင်းလဲ တာတွေ
Enable, disblae လုပ်တာတွေ ကို ကူညီပါလိမ်မယ် Run command
ကနေ regedit လို့ ခေါ်ပြီး သုံးတာနဲ့ အတူတူပါပဲ
၃။Tuneup Shredder
ဒီ tool လေးကလဲ တော်တော်အ သုံးဝင်ပါတယ်
Software တစ်ခုကို uninstall လုပ်လို့မရ
C ထဲမှာ သွားဖျက်လို့လဲ မရ ဖြစ်နေတဲ့ အခါမျိုးတွေ မှာ
အလွယ်တစ်ကူ ဖျက်နိုင် ပါတယ် Kesper တင်ပြီး
ပြန် ဖြုတ်လို့ မရ ၊ ဖျက်လို့မရ ဖြစ်နေတဲ့
မိတ်ဆွေ သူငယ်ချင်းများ . ဒါလေးကိုသာ
အသုံးပြုု ကြည့်လိုက်ပါ အိုကေ စိုပြေသွားမှာပါ
သတိပြုစေလိုတာကတော့ ဒါနဲ့ ဖျက်ထားတာကိုတော့
ဘယ်လိုမှ ပြန်ခေါ်လို့ မရပါဘူးဗျာ
၄။ TuneUp System Information
မိမိကွန်ပျူတာ မှာ တပ်ဆင်ထားတဲ့ Drives, Devices,Performance,
Communciation စတဲ့ အကြောင်းအရာတွေကို တွေ့မြင်နိုင်တဲ့ နေရာလေးပါ
၅။TuneUp Uninstall Manager
Add or Remove program ထက် ပိုမိုကောင်းမွန်ပါတယ်
Add or Remove မှာ လို
programs ၂ခု ၃ ခု လောက် uninstall
လုပ်လိုက်ရင် ရွေ့ မရ ပြုမရနဲ့ ကြောင်စီစီ ဖြစ်သွားတာ မျိုးမရှိပါဘူး
Uninstall လုပ်ပြီးပေမဲ့ entry ကျန်ခဲ့တာ မျိုးကို လဲ တစ်ခါထဲ remove
လုပ်နိုင်ပါတယ်……..
ကျွန်တော် သိရှိနားလည်သလောက် ကို ဆွေးနွေးပြောပြ ခြင်းဖြစ်ပါတယ်
အမှား အယွင်းများပါခဲ့ရင် ခွင့်လွတ်နားလည်း ပေးတော် မူကြပါ
ပိုမိုသိရှိနားလည်တဲ့ ကို ကို မမ များ ဆက်လက်ဆွေးနွေး သွားကြပါဗျာ

အောက်က Link မှာယူကြပါနော်။ အားလုံးအဆင်ပြေကြပါစေဗျာ။

The language is not English.
How to change English language?
===================================
ကို​ပြည့်ဖြိုး  ရဲ့ TuneUp Utilities - 2012 (Full Version)  လေးကို

English

လို  မြင်ချင်ရင်တော့   ဒီ မှာ
တင်ပေးလိုက်ပါတယ်


DOWNLOAD HERE

0 comments:

Post a Comment

Recent Posts