Ads 468x60px

Saturday, 22 October 2011

မိမိပို့လိုက်တဲ့ Email ကို လက်ခံတဲ့သူကဖတ်မဖတ်

Email တစ်စောင်ကို ပို့လိုက်လျှင် ၊ မိမိပို့လိုက
်သော Email ကို အခြားသူမှဖတ်၊မဖတ်ကိုလွယ်ကူစွာမသိနိုင်ပါဘူး။
 ယခုမှာကတော့ Email တစ်စောင်ကို အခြားသူတစ်ယောက်ထံ ပို့လိုက်ပါပြီးရင်၊
၎င်း Email ကိုဖတ်၊မဖတ်၊ ဖတ်ရှုသည့်အချိန်၊ နေရာ(IP Address + Geo Location)၊
ဖတ်ရှုသည့်အကြိမ် အရေအတွက်၊ မည်မျှကြာကြာဖတ်ရှုသည်၊
အသုံးပြုသည့် Browser Details စတဲ့ Statistics ကိုလွယ်ကူစွာ သိရှိနိုင်ပါတယ်။
ကဲစိတ်ဝင်စားရင်ဆက်ဖတ်ရအောင်။
ပထမဆုံး အသုံးပြုလိုသည့် (From Email Account) နှင့် Didtheyreadit.com မှာသွားပြီးတော့ Account တစ်ခုကို Register လုပ်ရပါမယ်။
 (Name Display in Emailနေရာမှာ အသုံးပြုနေကျ နာမည်ကိုပဲရေးပါ။
နာမည်ပြောင်းရေလျှင် Email လက်ခံမည့်သူက ပို့နေကျလူဆိုရင်နာမည့်ပြောင်းလိုက်တဲ့ အတွက် သံသယဝင်သွားနိုင်ပါတယ်။
 Register လုပ်ပြီးလျှင် မိမိအသုံးပြုသည့် Email ကိုဖွင့်ပါ။သင်၏ Gmail Account ကိုဖွင့်ပါ။
ပြီးလျှင် Compose Mail(သို့မဟုတ်)Forward Mail ကို ဖွင့်ပြီးလျှင် ပို့လိုသည့် Email ပိုင်ရှင် Account (To Address) ကို ရေးပါ။
(Account လုပ်ထားသော Didtheyreadit.com မှာလည်း သွားရောက်ပြီးတော့ တိုက်ရိုက်ပို့နိုင်ပါတယ်။)
အဓိကကျတဲ့ အချက်ကိုပြောပါ့မယ်။
ရေးလိုက်တဲ့ Email Account ရဲ့ နောက်ကကပ်လျှက် .didtheyreadit.com ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ။
ဥပမာ ပို့လိုသည့် Email Accountကyourfriend@gmail.com ဖြစ်လျှင် ၎င်း Account ၏ နောက်ကပ်လျှက်မှာ .didtheyreadit.com ကိုပေါင်း၍
yourfriend@gmail.com.didtheyreadit.com ဟူ၍ အထက်ပါပုံတွင် ပြထားသည့်အတိုင်း ရေးရပါမယ်။
 (Account ၏နောက်မှာ ကပ်လျှက်ရေးလိုက်သော .didtheyreadit.com ကို တစ်ဖက်လူအနေနဲ့ မြင်ရမှာ မဟုတ်ပါဘူး။)
 ပြီးလျှင် သင်ရေးလိုသည့် Text နှင့် Attachments များကို ရေး၍ ပုံမှန်အတိုင်း Send ကို Click နှိပ်၍ ပို့လိုက်ပါ။
တစ်ဖက်လူမှ သင်ပို့လိုက်သော Email ကိုဖတ်သည်နှင့် ဖတ်သည့်အချိန်၊ မည်မျှကြာကြာဖတ်သည်၊ဖတ်သည့်နေရာ၊IP Address, Geo Location (Approximately),
 အသုံးပြုတဲ့ Browser Details စတဲ့ Statistics ကို Didtheyreadit.com မှသင့်ထံသို့ Reportလုပ်ပါလိမ့်မယ်။
ဖတ်သည့်အကြိမ်တိုင်း သင့်ထံသို့ Report လုပ်ပါလိမ့်မယ်။
 Didtheyreadit.com မှာ Free Account အနေနဲ့ တစ်လကို 10 စောင် Free ပို့နိုင်ပါတယ်။
Report Statistics ကို Notification Option မှာ သွားရောက် ပြုပြင်နိုင်ပါတယ်။
Desktop Email Client များဖြစ်တဲ့ Microsoft Outlook , Thunder Bird စတဲ့ Client များနဲ့လည်း တွဲဖက်၍ ပို့လိုက်တဲ့ Email တိုင်းကို Report ပြုလုပ်ပေးရန် အသုံးပြုနိုင်ပါတယ်။
တကယ်ရတယ်ဗျ
ကျွန်တော်တော့စမ်းပြီးသွားပြီ ဘော်ဒါတွေလဲစမ်းကြည့်ကျပါ။
From----http://myanmarinternetforum.com/

0 comments:

Post a Comment

Recent Posts