Ads 468x60px

Saturday, 22 October 2011

သင့်အတွက် ကိုယ်ပိုင်အဘိဓါန်(Updated)

မင်္ဂလာပါ။

MMITD အသင်းဝင်းများကို ယခု မိတ်ဆက်ပေးချင်တာကတော့ အင်မတန် ပေါ့ပါးပြီး အသုံးတည့်စေမည့် အိပ်ဆောင်


အဘိဓါန်(ခုခေတ်မှာတော့ အိပ်ဆောင်မဟုတ်တော့ပဲ Thumb drive/ Flash drive ထဲ ထည့်ဆောင် သွားနိုင်သော)


Portable ကိုယ်ပိုင် အဘိဓါန်လေး တစ်ခုပါပဲ။



ဒီဟာလေး ရေးဖို့ ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းလေးတွေ ကို အနည်းငယ် တင်ပြလိုပါတယ်။


ပထမအချက်အနေနဲ့ ကျနော့်ကို မိုးလုံးပြည့်လျှံ ဆိုတဲ့ ညီလေး တစ်ယောက်က မေးလာပါတယ်,, သူ့ မိတ်ဆွေ ဂျပန်က လူတစ်ယောက်က သူစုစည်းထားတဲ့ ဂျပန် စာလုံးတွေကို ကိုယ်ပိုင် အဘိဓါန်လေး တစ်ခုလုပ်ပြီး သိမ်းချင်ပါတယ် လို့ ဆိုလာပါတယ်၊ အဲဒါနဲ့ ကျနော်လည်း UI ကိုတော့ ရေးပေးမယ် Data တွေတော့ ကိုယ့်ပါကို ထည့်ပြီး ပြည့်စုံသွားရင် ပြန်လည် မျှဝေ ပေးပါလို့ ပြောခဲ့ပါတယ်။ ပြီးတာနဲ့ ကျနော် UI စရေးပါတယ် ၊ အဲဒိအချိန် မှာ ဒီပိုစ့်လေးကိုသွားဖတ်မိတယ် ၊ အဲဒါနဲ့ အင်စတော လုပ်ပြီး စမ်းကြည့်လိုက်တော့ ဘီတာ ဗားရှင်းဖြစ်တဲ့အတွက် အားနည်းချက်လေးတွေကို တွေ့ရတယ် ။ ဘာပဲဖြစ်ဖြစ် မြန်မာစာတိုးတက်မှုအတွက်တော့ ဂုဏ်ယူစရာပဲလေ။ အဲဒိထဲကမှ Database file ကိုကျနော် လေ့လာမိပြီး ပြန်လည်ပြင်ဆင်မှုလေးတွေ လုပ်နိုင်ခဲ့တယ်(Modified လုပ်တယ်ပေါ့) ။ ဒါကြောင့် ကျနော် ဒီနေရာမှာ Myanmar NLP Team ကို Special credit ပေးပါတယ်။


အဲဒိ Database file လေးကို ပြန်လည် Modified လိုက်တဲ့အခါမှာ အင်္ဂလိပ် စာလုံးပေါင်း ၁ သောင်းခွဲ ကျော်ကျော် ရရှိပါတယ်၊


အဲဒါနဲ့ ကျနော်လည်း ခုလို ကိုယ်ပိုင်အဘိဓါန် ဆိုတာလေးကို ရေးဖို့ စိတ်ကူး ရခဲ့ပါတယ်။


အောက်က နမူနာ ပုံလေးတွေကို လေ့လာကြည့်ပါ ။ အားလုံးကို မြန်မာ၃ ယူနီကုဒ်နဲ့ ရေးထားတာဖြစ်တဲ့အတွက် သေချာတာကတော့ ဇော်ဂျီဖောင့်က ဒီနေရာမှာ အသုံးမဝင်ပါဘူး။




နမူနာပုံလေးတွေအရတော့ အားလုံးမြန်မာလိုဖြစ်တဲ့အတွက် နားမလည်နိုင်စရာ မရှိဘူးလို့ထင်ပါတယ်။
လက်ရှိမှာ ဒီ ကိုယ်ပိုင် အဘိဓါန်အနေနဲ့ အင်္ဂလိပ်စာလုံး ၁ သောင်းခွဲစာ ကို ရှာဖွေ နိုင်ပါတယ် ၊ ပြင်ဆင်နိုင်ပါတယ်၊ အသစ်များကို ထပ်မံဖြည့်စွက်နိုင်ပါတယ်။ အင်္ဂလိပ်စာလုံး မှ မဟုတ်ပါဘူး တရုတ်၊ ဂျပန် ၊ ကိုရီးယား ၊ ရုရှား၊ ကုလား စသည်များကို မိမိသိသမျှ ဖြည့်စွက်ထားနိုင်တဲ့ မိမိကိုယ်ပိုင် အဘိဓါန် ပဲဖြစ်ပါတယ်။ Microsoft Access Database ကို အသုံးပြုထားတဲ့အတွက် စာလုံးပေါင်း ၆၅၅၃၆ လုံး အထိ ဖြည့်စွက်နိင်ပါတယ်။
တကယ်လို့ အသုံးပြုသူအနေနဲ့ စုဆောင်းထားတဲ့ စာလုံးတွေက ၆ သောင်းခွဲမက များပြားနေတယ်ဆိုရင်လည်း ကျနော့ကို ပြောပါ အဲဒိထက်ပိုပြီးဖြည့်စွက်နိုင်တဲ့အနေအထား ဖြစ်အောင် စီစဉ်ပေးပါ့မယ်။


System Requirements
၁။.Net Framework 2.0 and above
၂။ မြန်မာလိုတွေအားလုံးပေါ်နေဖို့အတွက်တော့ ..
Windows XP >> Desktop >> Right Click >> Properties>> Appearance Tab >> click the Advanced button
Vista, Windows 7 >>Desktop >> Right Click >> Personalize>> Window color >> Advanced appearance settings
အဲဒိမှာ Item ဆိုတဲ့ Box လေးမှာရှိတဲ့
Active Title Bar,
Icon,

Inactive Title Bar,


Menu ,


Message Box ,


Palette Title ,


Selected Items ,


ToolTip

စတာတွေကို အကုန် မြန်မာ၃ ပြောင်းပေးထားဖို့တော့လိုပါမယ်..
၃။ Microsoft Access 97/2000/2003 or above စက်ထဲမှာ ရှိနေရပါမယ်


မှတ်ချက်အနေနဲ့ rar file ကို မဖြည်ပဲ သုံးမယ်ဆိုရင် ရှာဖွေလို့ပဲရမှာဖြစ်ပါတယ်။
အသစ်သွင်းတာတို့၊ ပြင်ဆင်တာတို့၊ ပယ်ဖျက်တာတို့ကိုသုံးဖို့အတွက်တော့ ဖြည်ပြီးမှ သုံးပါ ။ rar ဖိုင်ထဲမှာ GUI(Graphical User Interface) ဖြစ်တဲ့ Dictionary.exe နဲ့ Database file ဖြစ်တဲ့ Data.mdb ၂ ဖိုင်သာ ပါရှိပါတယ်။
Dictionary.mdb ရဲ့ File name တွေကို သွားမပြောင်းမိပါစေနဲ့ ၊
Dictionary.exe နဲ့ Data.mdb နှစ်ခုစလုံး Folder တစ်ခုထဲမှာ ရှိနေပါစေ။

အာလုံးအဆင်ပြေကြပါစေခင်များ။ အဆင်မပြေသည်များရှိပါက ကွန်းမန့်မှာ မေးနိုင်ပါတယ်။
လိုအပ်ချက်များရှိပါကလည်း ဝေဖန်ထောက်ပြပေးနိုင်ကြပါတယ်ခင်များ။

ဝေါဟာရတွေလည်း ကြွယ်ဝနိုင်ကြပါစေ၊ ပညာများလည်း ပြန်လည်မျှဝေနိုင်ကြပါစေ၊ ကိုယ့်နိုင်ငံနဲ့လူမျိုးအတွက်လည်း တစ်ဖက်တစ်လမ်းက အကျိုးပြုနိုင်ကြပါစေခင်များ။

လေးစားစွာဖြင့်


Who Am I?
Myanmar IT Development

Post Updated : UTC - 3:57 , Oct 14 ,2011 (Friday)
software updated : Software Update လုပ်လိုတဲ့ အသုံးပြုသူများအနေနဲ့ ခုတင်ပေးထားတဲ့လင့်ကို ဒေါင်းလုဒ်ယူပါ
ပြီးရင် ယခင် အသုံးပြုနေတဲ့ Folder ထဲကို Dictionary.exe ကို ကူးထည့်ပါ။ ပြီးလျှင် Dictionary.mdb ကို Data.mdb ဆိုပြီး နာမည်ပြောင်းလိုက်ပါ။။ အဆင်ပြေပါစေ။

rar file ထဲကနေ အသုံးပြုလို့မရရင်
rar file ကိုဖြည်ပြီးမှ သုံးပါ။

မြန်မာလိုတွေအားလုံးပေါ်နေဖို့အတွက်တော့ ..
Windows XP >> Desktop >> Right Click >> Properties>> Appearance Tab >> click the Advanced button
Vista, Windows 7 >>Desktop >> Right Click >> Personalize>> Window color >> Advanced appearance settings
အဲဒိမှာ Item ဆိုတဲ့ Box လေးမှာရှိတဲ့
Active Title Bar,
Icon,
Inactive Title Bar,
Menu ,
Message Box ,
Palette Title ,
Selected Items ,
ToolTip
စတာတွေကို အကုန် မြန်မာ၃ ပြောင်းပေးထားဖို့တော့လိုပါမယ်..

0 comments:

Post a Comment

Recent Posts