တိုးတက်နေတဲ့ နည်းပညာဘုံသုံးခေတ်ကြီးထဲမှာ ပညာရပ်တွေကို တစ်ဦးတည်းပိုင်ဆိုင်ချင်လို့ မရတော့ပါဘူး။ လူအများပိုင် ဘုံစနစ်ထဲကို ရောက်နေပါပြီ။ ဆရာသားချန်တာတို့၊ ပညာလျိုတာတို့ဆိုတာ ၂၀ ရာစုခေတ်မှာ ကျန်ခဲ့ပါပြီ။ တိုးတက်မှု၊ ဆုတ်ယုတ်မှုတွေနဲ့ အလျင်အမြန်ကူးခတ်နေတဲ့ အင်တာနက်ခေတ်ကြီးမှာ ကွန်ပျူတာခွေကူးပုံလေးတော့ သိထားဖို့ပါလိမ့်မယ်။ လူကြီးမင်းရဲ့ ကွန်ပျူတာမှာ Writer တစ်ခုပဲ ရှိတယ်ဆိုပါစို့။ Nero Burn သုံးပြီး ခွေဘယ်လို ကူးရမယ်ဆိုတာကို Knowledge Sharing အနေနဲ့ ကျွန်တော်သိသလောက် မျဝေလိုက်ပါတယ်။ လူကြီးမင်းရဲ့ ကွန်ပျူတာမှာ Nero Burn Software တော့ တင်ထားဖို့လိုပါလိမ့်မယ်။ အခု ခွေကူးနည်း (၂) နည်းကို ပြောပြပါတယ်။ CD to CD ကူးနည်းနဲ့ Data to CD ကူးနည်းပါ။ ပထမဆုံး CD to CD ကူးနည်းကို ပြောပြပါမယ်။ ဒီကူးနည်းမှာ အဆင့်(၁၃)ဆင့် ပါဝင်ပါတယ်။
ကိုယ်ကူးမယ့် မူရင်းခွေကို CD Drive ထဲထည့်ပါ။
1. Desktop ပေါ်က Nero ကို Double Click နှိပ်ပါ။
2. Copy and Backup ကို Click နှိပ်ပြီးနောက် Copy CD ကို Click နှိပ်ပါ။

3. Source Drive မှာ အခွေထည့်ထားတဲ့ Drive ကို ရွေးပါ။
4. Destination Drive မှာ Writer ကို ရွေးပါ။ (ကွန်ပျူတာမှာ Drive အနေနဲ့ Writer တစ်ခုပဲရှိရင် Source ရော Destination ပါ Writer ကိုပဲ ရွေးပါ)
5. Writing Speed မှာ ကိုယ့်ကူးမယ့် နှုန်းကိုရွေးပါ။ အဲဒီမှာ သတိထားရမှာက ရေးတဲ့နှုန်း (ဂဏန်း အရေအတွက်)များရင် ကူးရတာမြန်တယ်၊ ခွေပျက်လွယ်တယ်။ ရေးနှုန်းနည်းရင် ကူးရတာနှေးတယ်၊ ခွေအရည်အသွေးကောင်းမယ် (မထစ်ဘူး)
6. Number of copies မှာ ကိုယ်ကူးမယ့် ခွေအရေအတွက်ကို ရိုက်ထည့်ပါ။
7. နောက် Copy ကို Click နှိပ်ပါ။

8. Computer မှ Burn ဖို့ စတင်ပြင်ဆင်နေပါပြီ။

9. Please insert an empty disc to write to ... စာတန်းပေါ်လာပြီး Box တစ်ခုကျလာလျှင် မူရင်းခွေ ထွက်လာပါလိမ့်မယ်။ အဲဒီခွေကိုထုတ်ပြီး Drive ထဲကို အသုံးမပြုရသေးတဲ့ အလွတ်ခွေ (Empty Disc) ထည့်ပါ။

10. Box ပျောက်သွားပြီး Computer က ဆက်လက်ကူးသွားလိမ့်မယ်။

11. Burn process completed successfully ပေါ်လာရင် 0k ကို Click နှိပ်ပါ။

12. ပြီးရင် Next ကို Click နှိပ်ပါ။ Copy CD ထွက်လာပါမည်။

13. နောက် Exit ကို Click နှိပ်ပါ။ အားလုံးပြီးသွားပါပြီ။
လူကြီးမင်း၏ Writer သည် DVD Writer ဖြစ်ပါက DVD to DVD ကိုလည်းဒီနည်းအတိုင်း ကူးနိုင်ပါတယ်။
မူတူးလေး
0 comments:
Post a Comment