
ဒီတော့ Dreamwaver CS4 ကို Ubuntu 10.04 (Lucid linux)မှာ တင်ကြည့်မယ်ဗျာ။ ထုံးစံအတိုင်း Windows ရဲ့ exe တွေကို သုံးချင်တယ် ဆိုရင် Wine ကို အရင်ထည့်သွင်းထားရမှာပါ။ Wine သွင်းပုံကိုအရင် တုန်းက ရေးပြီးသားဆိုတော့ စာအုပ်အဟောင်းလေး ပြန်ဖတ်လိုက်ပေါ့ဗျာ။ ဒါမှမဟုတ် http://www.knowledgebridge.net မှာလည်း အရင်စာအုပ် တွေထဲက ဆောင်းပါးတွေကို အခမဲ့ဖတ်ရှုနိုင်ပါတယ်။

Wine သွင်းပြီးပြီဆိုရင် Wintricks ကိုထပ်ပြီး သွင်းပေးပါဦး။ တကယ် လို့ အင်တာနက် ချိတ်ဆက်ထားတယ်ဆိုရင်တော့ Terminal မှာ စပြီး စာရိုက်ပါမယ်။ Terminal ဆိုတာ Windows က CMD လိုလေးလေ။ Applications ---> Accessories ---> Terminal ဆိုပြီး ခေါ်လို့ရပါတယ်။
sudo wget http://www.kegel.com/wine/winetricks
တကယ်လို့ အင်တာနက်မချိတ်ထားလည်း ဒီဖိုင်တွေကို မေတ္တာ လက်ဆောင် CD ထဲမှာ ထည့်ပေးထားပါတယ်။ Wintrick ကိုရယူပြီးရင်တော့ Windows မှာလိုမျိုး Dreamwaver ကို သုံးနိုင်ဖို့ Windows ရဲ့ ဖိုင်တစ်ချို့ ရယူပြီး အသုံးချရပါဦးမယ်။ ဒီအတွက် Wintick ထဲမှာ ရေးထားပြီးသားပါ။
sh winetricks msxml6 gdiplus gecko vcrun2005 ie6 dcom98
ဆိုရင် လိုအပ်နေတဲ့ ဖိုင်အချို့ကို အင်တာနက်နေ ရယူပေးသွားပါ လိမ့်မယ်။ နောက်ဆုံး တစ်ဖိုင်ကို ထပ်မံရယူပါဦးမယ်။

wget http://www.noob2geek.com/wp-content/uploads/files/atmlib.dll ပြီးရင် atmlib.dll ကို Wine ရဲ့ system32 ထဲကို ထည့်ပါ။
sudo mv atmlib.dll ~/.wine/drive_c/windows/system32/
တကယ်လို့များ Command မသုံးချင်လဲ atmlib.dll ကို ကူးပြီး Applications --->Wine--->Browse C:\ Drive --->windows---> system 32 ဆိုရင် system32 ထဲကို ရောက်ပါပြီ။ အဲဒီထဲမှာ Paste လုပ်လိုက်ပါ။
အခုဆိုရင်တော့ Ubuntu ပေါ်က Wine ကအဆင်သင့်ဖြစ်နေပါပြီ။ Dreamwaver CS4 အခွေကိုယူပြီး Install လုပ်ဖို့ ပြင်ဆင်လိုက်ပါ။ တစ်ခါ တစ်လေမှာ အခွေက ထစ်တာကြောင့် ရပ်သွားတာမျိုး မဖြစ်ရလေအောင် Ubuntu ထဲကို Dreamwaver CS4 Setup Folder တစ်ခုလုံး Copy အရင်ကူးထည့်ထားပါ။ နမူနာအနေနဲ့ဆိုရင် Document ထဲကိုထည့်ထားပေးပါ။ ပြီးရင် Terminal ကနေ သွင်းမယ်ဗျာ။ Terminal ကနေ Doucment အောက်က Setup ဖိုလ်ဒါကို cd ဆိုတဲ့ Change Directory Command နဲ့ သွားပါမယ်။
cd Documents/Dreamweaver CS4
ပြီးရင်တော့ Setup ဖိုင်ကို Wine နဲ့ Run ပြီး install လုပ်ပါမယ်။
wine setup.exe
Windows မှာလိုပဲ Installation လုပ်ရမှာပါ။ Installation အဆင့် တွေပြီးရင်တော့ Dreamwaver CS4 ကို သုံးလို့ရပါပြီ။ ကဲ Windows အတိုင်းပဲ Dreamwaver ကို သုံးလို့ရပါပြီဗျာ။ အဆင်မပြေရင်တော့ Online Box ကနေ မေးနိုင်ပါတယ်ဗျာ။
0 comments:
Post a Comment