Ads 468x60px

Tuesday, 27 September 2011

USB Flash Drive (USB Pen Drive) နှင့် Hiren's BootCD ပြုလုပ်နည်း







ကျွန်တော်တို့ USB Flash Drive နှင့် Hiren's BootCD ပြုလုပ်တော့မယ်ဆိုလျှင် 512MB အထက်ရှိသော USB Flash Drive တစ်ခုလိုအပ်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ Hiren's BootCD ပြုလုပ်မယ့် USB Flash Drive ကို Format ချရန်အတွက် USB Format Software ကို ဒီနေရာကနေ Download ပြုလုပ်ပြီး Install ပြုလုပ်ကာ USB Flash Drive ကို Format ချလိုက်ပါ။

Screenshot

ထို့နောက် Grub4Dos Installer 1.1 ကို ဒီနေရာကနေ Download ပြုလုပ်ပြီး ပုံမှာပြထားတဲ့အတိုင်း Run လိုက်ပါ။

Screenshot


ထို့နောက် မိမိ Grub4Dos Installer 1.1 ကို Download ပြုလုပ်ခဲ့တဲ့နေရာကို သွားပြီး Grub4Dos Installer 1.1 Folder ထဲက grub ဆိုတဲ့ Sub Folder ထဲက grldr နဲ့ menu.lst ဆိုတဲ့ ဖိုင် ၂ခုကို Copy ကူးပြီး မိမိ Boot လုပ်မယ့် USB Flash Drive ထဲကို Paste လုပ်လိုက်ပါ။

ထို့နောက် Hiren's Boot CD မှာရှိတဲ့ Flie တွေ အားလုံးကို USB Flash Drive ထဲ Copy ကူးထည့်လိုက်ပါ။ Hiren's Boot CD 12.0 ကို ဒီနေရာမှာ ကိုသားငယ် တင်ပေးထားပါတယ်။ မရှိသေးရင် Download လုပ်လိုက်ပါ။

Screenshot


Screenshot


ဒီအဆင်ထိ အားလုံးပြီးပြီဆိုလျှင်တော့ USB Flash Drive နှင့် Hiren's BootCD ကို Boot လုပ်ဖို့ အဆင်သင့်ဖြစ်သွားပါပြီ။ 

0 comments:

Post a Comment

Recent Posts