ဟိုတစ်ခေါက် ရွှေရိုးတုန်းက ကျွန်တော်ပြောခဲ့တဲ့ Project လေးကတော့အခုရေးလို့ပြီးသွားပါပြီ။
အဲ့ဒါကဘာလဲဆိုတော့ ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲလေးတွေကိုတတ်နိုင်သလောက်ဖြေရှင်းနိုင်တဲ့ Software လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။
နာမည်ကတော့ My-Collections လို့ပေးထားပါတယ်။
.Net Framework 4.0 နဲ့ရေးထားတဲ့အတွက်ကြောင့် .Net Framework 4.0 တော့လိုပါတယ်။
မရှိဘူးဆိုရင် အောက်ကလင့်တွေမှာဒေါင်းနိုင်ပါတယ် http://www.softpedia.com/get/Others/Signatures-Updates/NET-Framework.shtml
http://msdn.microsoft.com/en-us/netframework/aa569263My-Collections Version 1.1 ဆိုတာက ဒုတိယထုတ်တာမဟုတ်ပါဘူး။
ကျွန်တော်က Product ထုတ်ရင် 1.1 ကနေစလို့ပါ။
သူကဘာအတွက်လဲဆိုတော့ အဓိကက Developers တွေအတွက်လို့ဆိုလို့ရပါတယ်။
တစ်ခါတစ်လေ ကျွန်တော်တို့တွေအတွက် Codes Segments တွေကများပြားလွန်းတဲ့အတွက် လူသားတွေဖြစ်တဲ့ကျွန်တော်တို့တွေက အားလုံးကိုအချိန်ပြည့်မှတ်မိနေဖို့ဆိုတာကမလွယ်ပါဘူး။
တစ်ချို့အသုံးများတဲ့ အကြောင်းအရာတွေမှသာ မှတ်မိနေတတ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့မေ့သွားတဲ့ Codes တွေကို တစ်ချိန်မှာပြန်လိုချင်လို့ပြန်ရှာချင်တယ်ဆိုရင် ဘယ်နေရာကသွားရှာရမှန်းမသိတော့ပါဘူး။ကိုယ့်ဆရာတို့တော့မသိဘူး..ကျွန်တော်ကတော့ မှတ်ရတာတွေများလွန်းလာရင် မေ့မေ့သွားတဲ့အခါကျရင် ကိုယ်မှတ်ထားတဲ့ Codes တွေကကိုယ့်စက်ထဲမှာဘယ်နေရာမှာရှိလဲဆိုတာကို လိုက်လိုက်ရှာရတာ အမောဘဲ။
တွေ့သွားတာအကြောင်းမဟုတ်ပါဘူး..မတွေ့တော့ဘူးဆိုရင်တော့ သွားပြီ..အင်တာနက်ပေါ်ကိုတက်ရှာရပြီ။
အဲ့ဒီတော့ ကျွန်တော်စဉ်းစားမိတာလေးတစ်ခုရှိတယ်…ဘာလဲဆိုတော့ အဲ့ဒီအသုံးများတဲ့ Codes လေးတွေကို စုစုစည်းစည်း လုပ်ပေးနိုင်မဲ့ Program လေးဘာလေးများမရှိဘူးလားဆိုပြီးတော့…။
လိုက်ရှာကြည့်တော့ တွေ့တာတော့တွေ့တယ်..ဒါပေမဲ့ မကြိုက်တာတွေကများနေတယ်…။
ဆရာသီဟ ကလည်း သူ့ Mac မှာသုံးနေတဲ့ Codes မှတ်တဲ့ဟာလေးကိုပြပြီးတော့ မင်းအဲ့ဒီလိုရေးပါလားဆိုပြီး အကြံပေးတာနဲ့..ကျွန်တော်တွေးနေတာနဲ့အကိုက်ဖြစ်သွားတာနဲ့..ရေးလိုက်တာဖြစ်ပါတယ်။
ဒါကြောင့် ဒီ Software လေးက Codes လေးကိုမှတ်ထားပေးနိုင်တဲ့ Software လေးဖြစ်ပါတယ်။
ရေးတုန်းက ဘယ်လိုရေးရမလဲဆိုတာကို သိပေမဲ့… ပြဿနာက Syntax Highlighting ဘဲ။
သူ့ကိုဘယ်လိုလုပ်ရမလဲဆိုတာမသိဘူး။
သာမန် Codes လေးတွေရေးပြီးတော့ မှတ်ထားတဲ့ ကိစ္စက ကျွန်တော့်အတွက် ဘာမှမခက်ပေမဲ့.. Color ခြယ်ဖို့ကျတော့ မသိတော့ဘူး။
အဲ့ဒါနဲ့ အရောင်လေးတွေကိုနောက်မှချယ်မယ်ဆိုပြီးတော့ အရင်ဆုံး Logic တွေနဲ့ အရာတွေကိုဘဲရေးလိုက်တယ်…အဲ့ဒါရေးတာ နှစ်ပတ်ကြာတယ်..။
အားလုံးပြီးဖို့ကတော့ တစ်လကြာတယ်။
ရေးပြီးတော့ Color ထည့်မယ်ဆိုတော့ လိုက်ရှာတဲ့အခါမှာ နှစ်မျိုးသွားတွေ့တယ်…။
ကိုသန့်သက်ခင်ဇော် (KeyMagic) ပြောတဲ့ ScintillaNet နဲ့…နောက်ကျွန်တော်ရှာကြည့်တဲ့ ICSharp TextEditor ဆိုပြီးတော့ နှစ်မျိုးသွားတွေ့တယ်…။
ပထမက ScintillaNet သုံးကြည့်တယ်…မကြိုက်ဘူး။အဲ့ဒါနဲ့ ICSharp TextEditor သုံးကြည့်တော့ ပိုဆိုးသွားတယ်…အဓိက ပြဿနာက မြန်မာဖောင့်ဘဲ။
မြန်မာဖောင့်က ဘယ်လိုမှထည့်လို့မရဘူး။
ScintillaNet ကိုပြောင်းသုံးမယ်လုပ်လိုက်တော့ လည်း မြန်မာဖောင့်ဘဲ..ပြဿနာတက်တာ။
နောက်ဆုံးတော့လည်း ScintillaNet ကိုဘဲသုံးလိုက်တော့တယ်။ အဲ့ဒါနဲ့ သူနဲ့ပက်သက်တဲ့ Documentation တွေလိုက်ရှာဖတ်လိုက်တော့မှအဆင်ပြေသွားတယ်။
အဲ့ဒီ ScintillaNet ကိုအကြံပေးတဲ့ ကိုသန့်သက်ခင်ဇော်ကို အထူးကျေးဇူးတင်ပါတယ်။
မရဘူးဆိုတာ မရှိဘူးဆိုတာနဲ့… နောက်ဆုံးတော့ မြန်မာဖောင့်တွေပါရသွားတယ်။
အမှန်အတိုင်ပြောရရင် Color ထည့်တာမခက်ပေမဲ့ မြန်မာဖောင့် အတွက်ကနည်းနည်းတော့ ခေါင်းစားပါတယ်။
ဒါကြောင့် ကျွန်တော့် Software လေးမှာ ကိုယ်မှတ်ထားတဲ့ Codes လေးတွေရဲ့အမျိုးအစားအလိုက် Syntax Highlighting လုပ်ပေးပါလိမ့်မယ်။
ရှိသမျှ Language တွေအားလုံးတော့မဟုတ်ပါဘူး။
ကျွန်တော်တို့ အသုံးများတဲ့ 13 ခုလောက်တော့ လုပ်ပေးပါလိမ့်မယ်။
အခု Software လေးက Codes လေးတွေတင်မဟုတ်ပါဘူး။
တစ်ခါတစ်လေ ကျွန်တော်တို့ အင်တာနက်သုံးရင်းနဲ့ ကိုယ့်အတွက် အရေးကြီးတဲ့လင့်ခ် လေးတွေတွေ့ရင် လည်း ကူးပြီးတော့ Notepad နဲ့ဖြစ်ဖြစ် မှတ်ထားကြပါတယ်။
အချိန်ကြာလာလို့ပြန်ရှာချင်တဲ့အခါရောက်ရင် အဲ့ဒီဖိုင်က ဘယ်လိုမှပြန်ရှာလို့မရတဲ့အခြေအနေမျိုးတွေ ကြုံရတာကိုလည်း ကျွန်တော့် Software လေးကကူညီဆောင်ရွက်ပေးပါလိမ့်မယ်။
အဲ့ဒီလိုဘဲ Websites,Notes,Personal Detail,Diary တွေကိုလည်း မှတ်သားထားနိုင်ပါတယ်။
သူကတော့ အရောင်လေးတွေတော့မပါဘူးပေါ့ဗျာ။
သူ့ကိုမှတ်မယ်ဆိုရင် မြန်မာ လိုပါမှတ်လို့ရအောင်လုပ်ပေးထားပါတယ်။
မြန်မာလိုမှတ်မယ်ဆိုရင်တော့ မြန်မာ ယူနီကုတ် နဲ့မှတ်ရမှာဖြစ်ပါတယ်။
ဖောင့်ကိုတော့ ကျွန်တော် Myanmar3 ကိုသုံးထားပါတယ်။
မြန်မာ ယူနီကုတ် အတွက်ကတော့ KeyMagic နဲ့ရိုက်ရင်လည်းအဆင်ပြေပါတယ်။
တခြား Keyboard တွေနဲ့ရိုက်ရင်လည်း အဆင်ပြေပါတယ်။
နောက်ပြီးတော့ မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်းကိုလည်း ထည့်ထားပါတယ်။
စာလုံးတွေကိုတော့ http://myanmarwords.pikay.org ကနေယူထားပါတယ်။
စာလုံးပေါင်း ၁၅၃၄၀ ရှိပါတယ်။
သူက ဇော်ဂျီနဲ့ရေးထားတာ ဖြစ်တဲ့အတွက်ကြောင့် မြန်မာ ယူနီကုတ်ကို ပြန်ပြောင်းထားပါတယ်။
နောက်ပြီးတော့ ကိုယ်မှတ်ထားတဲ့ အကြောင်းအရာလေးတွေကို စက်ပျက်သွားလို့ဘဲဖြစ်ဖြစ် Windows ပြန်တင်ရလို့ဘဲဖြစ်ဖြစ် ပျက်သွားခဲ့ရင်တောင် Backup ပြန်လုပ်ပေးနိုင်အောင် စီစဉ်ပေးထားပါတယ်။
အသုံးပြုပုံ အသုံးပြုနည်း များကိုလည်း ကူညီရန် ထဲတွင် ထည့်သွင်းပေးထားပါတယ်။
ဘာကြောင့် မြန်မာလို လုပ်ထားရသလဲဆိုရင် Localization လုပ်ချင်တဲ့အတွက်ကြောင့် မြန်မာလူမျိုးတွေရဲ့စက်ထဲမှာ မြန်မာစာ လေးတွေနဲ့ Software လေးတွေ ရှိနေရင် အကောင်းဆုံး လို့ယူဆတဲ့အတွက်ကြောင့် အားလုံးနီးပါးကို မြန်မာ စာတွေနဲ့ပြုလုပ်ပေးထားပါတယ်။
မြန်မာစာဆိုတော့နားလည် မယ်လို့မျှော်လင့်ပါတယ်။
ဒီ Software လေးဖြစ်မြောက်ရေးအတွက် ကူညီပေးခဲ့သူအားလုံးကို အထူးဘဲကျေးဇူးတင်ပါတယ်။
ထုံးစံအတိုင်း ဒီ Software လေးကလည်း Free ဘဲပေါ့ဗျာ။
ဘာပိုက်ဆံမှ ပေးစရာမလိုပါဘူး။
ကိုယ်တတ်ထားတဲ့ ပညာလေးတွေနဲ့ လူသားတွေကို လှုဒါန်းတာ ကုသိုလ်ယူတာပေါ့။
ကျွန်တော့် Software လေးကိုအသုံးပြုလိုက်လို့ အသုံးပြုသူတွေ အဆင်ပြေသွားတယ်ဆိုရင် ဘဲ ကျွန်တော် ကျေနပ်ပါတယ်။
ဒီ Software လေးရေးလိုက်လို့ ကျွန်တော် ပိုက်ဆံ တပြားမှ မရတဲ့အပြင် ကျွန်တော် ကိုယ်တိုင်ဘဲ ပိုက်ဆံကုန် ခေါင်းစားခံခဲ့ပါတယ်။
နိုင်ငံခြား မှာဆိုရင်တော့ Donations လေးဘာလေး မျှော်လင့်လို့ရသေးတယ်။
မြန်မာနိုင်ငံမှာတော့ မမျှော်လင့်ရဲပါဘူး။
ဂျာနယ်ထဲမှာ ဖော်ပြတဲ့အခါမှာတောင် ကျွန်တော့် နာမည် လေးတစ်လုံးကို တောင် မထည့်ပေးတာမျိုးတွေလည်း ကြုံခဲ့ရပါတယ်။
ဘယ်လောက် ထိတော့ အလကား လုပ်ပေးနိုင်မလဲ မသိဘူး။
ထားလိုက်ပါတော့ ဒါတွေကို….။
ဒီတော့ စမ်းသုံးကြည့်လိုက်ပေါ့ဗျာ…။
အောက်မှာ ဒေါင်းဖို့အတွက် လင့်ခ်လေးတွေ ပေးထားပါတယ်။
Size ကလည်းမကြီးပါဘူး။တစ်ခုမရ တစ်ခုပေါ့။
ဒါတောင် မနည်းကြီးကိုတင်ပေးထားတာ..လိုင်းကလုံး၀ကို ရှယ်ဘဲ
တစ်ပတ်လောက် အချိန်ပေးလိုက်ရတယ်…ဒါလေးတင်ဖို့ကို..။
ဒီလိုမျိုးသာ လိုင်းကဆက်ဆိုးနေရင်တော့ ရှေ့လျှောက် ကျွန်တော်တို့ ကွန်ပြူတာ သမားတွေတိုးတက် အုံးမယ်..မြင်ယောင်တယ်။
ဒါကြောင့် ဒေါင်းလို့ရတဲ့ အစ်ကိုတွေအမတွေက တစ်ခြားနေရာလေးတွေမှာ ပြန်တင်ပေးပါလို့တောင်းဆိုပါတယ်။
ကဲဒီတော့စမ်းကြည့်လိုက်ပါဦး။
အဆင်မပြေတာတွေရှိရင် လည်းပြန်ပြော ပေါ့ဗျာ။
အကြံပြုချင်တာတွေရှိရင်လည်း dk92ster@gmail.com ကိုဆက်သွယ်ပြီးတော့ အကောင်းအဆိုး ကိုဝေဖန်ထောက်ပြနိုင်ပါတယ်။
ကြားထဲမှာ Testing အတွက် အချိန်တစ်ပတ်လောက်ပေးပြီးတော့ စမ်းထားပါတယ်။
နောက် ထပ်လာမဲ့ Version တွေမှာတော့ ပိုကောင်းအောင်ကြိုးစားမယ်။
အားလုံးအတွက် အဆင်ပြေအောင် တော့ အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်ပေးထားပါတယ်။
အောက်ကပုံလေးတွေကတော့ Software ရဲ့ပုံလေးတွေပါ။

အဆင်ပြေနိုင်ကြပါစေဗျာ။
Download Links
http://www.mediafire.com/?o785ltkji3pmpci#1
http://hotfile.com/dl/126515611/56e336a/MyCollections_Version_1.1.zip.html
http://www.ziddu.com/download/16027750/MyCollectionsVersion1.1.zip.html

0 comments:
Post a Comment