အဘိဓါန်လေးတခုပါ.. ဘာသာစကား ၂၄ ခုကနေ မြန်မာဘာသာကို ဘာသာပြန်ပေးနိုင်ပါတယ်.. ဆိုဒ်တည်ထောင်သူတို့ရဲ့ ရည်ညှန်းချက်တစ်ခုက “မြန်မာတို့ အတွက် အသုံးဝင်သော အင်တာနက် အဘိဓာန် တစ်ခုဖြစ်ရန် နှင့် လိုချင်သောသူများအတွက် မိမိကိုယ်တိုင် အနက်ဖွင့် နိုင်သော အင်တာနက် စကားလုံး အလုပ်ရုံ ဖြစ်နိုင်ရန်အတွက် ကွနု်ပ်တို့ ရည်ညှန်း ထားပါတယ်။..” တဲ့..။
website address က http://www.myordbok.com/dictionary ဖြစ်ပါတယ်။ web site ကိုဝင်လိုက်ရင် အောက်ကအတိုင်းမြင်ရပါမယ်။
အဲဒီမှာ more language to myanmar ကိုနှိပ်ပါ။ ဒါဆိုရင်အောက်မှာ ပြောင်းလို့ရတဲ့
ဘာသာတွေ ကျလာပါမယ်။
ဘာသာတွေ ကျလာပါမယ်။
အဲဒီထဲက ကိုယ် translate လုပ်ချင်တဲ့ ဘာသာကိုရွေးပါ။ ကွန်တော်က ဂျပန်က နေပြောင်းချင်တာ ဖြစ်တဲ့ အတွက် Japanese to Myanmar ကို အရင် နှိပ်ပါမယ်။ ပြီးရင် text box မှာ ကွန်တော်ပြောင်းချင်တဲ့ ဂျပန်စာကို ထည့်လိုက်ပါတယ်။ ပြီးရင် Google It ကိုနှိပ်လိုက်ရင် ကွန်တော်ထည့်လိုက်တဲ့ ဂျပန်စာကို မြန်မာဘာသာ ပြန်ပြီး ပြပေးပါလိမ့်မယ်။ အောက်မှာ ပုံလေးတွေနဲ့တောင် ပြထားပါသေးတယ်။
Credit
Posted by Silent Ghost http://www.silentghost.info
Posted by Silent Ghost http://www.silentghost.info
0 comments:
Post a Comment