Ads 468x60px

Saturday, 8 October 2011

System Restore on Windows 7 and Vista

Windows 7 ဒါမှမဟုတ် Windows Vista မှာ software – drivers စတဲ့ အသစ်တစ်ခုခုကို install လုပ်လိုက်တိုင်း registry နဲ့ system files တွေကို အလိုလျောက် Backup လုပ်ပေးနိုင်တဲ့ feature တစ်ခုပါပြီး သူ့ကို ကျွန်တော်တို့က System Restore လုပ်တယ်လို့ ခေါ်ပါတယ်။ သူက ဘာကောင်းလဲဆိုရင် ကျွန်တော်တို့ ကိုယ်မသိတဲ့ Software တစ်မျိုးမျိုးကို မှားယွင်း installed လုပ်ဆောင်မိပြီးကာမှ System မတည်မငြိမ် ဖြစ်လာရင် အရင် Software install မလုပ်ခင်က အခြေအနေကို ပြန်ခေါ်ပေးနိုင်တဲ့ Feature မျိုးပါ။ အဲလို System Restore Feature ကို သုံးပြီး System တစ်ခုလုံးကို Restore လုပ်လိုက်ပြီ ဆိုတာနဲ့ ကိုယ့် ကွန်ပြူတာကလည်း လက်ရှိ မတည်မငြိမ် ဖြစ်နေတာတွေ ပျောက်ပြီး အရင်လို Stable ပြန်ဖြစ်သွားတတ်ပါတယ်။ လုပ်ဆောင်နည်း အဆင့်ဆင့်ကတော့ အောက်ဖော်ပြပါအတိုင်းပါ။

System Restore အား အသုံးပြုခြင်း
System restore feature ကို ခေါ်ယူနိုင်တဲ့ နေရာ နှစ်နေရာ ရှိပါတယ်။ တစ်နေရာက Start menu search box ကနေ restore လို့ ရိုက်လိုက်တာနဲ့ System Restore ကို Start menu ရဲ့ ထိပ်မှာ ခုလိုတွေ့ရပါလိမ့်မယ်။
အဲလိုမှ မဟုတ်လည်း Search box မှာ search box မှာ rstrui လို့ ရိုက်ပြီး enter ပေးပါ – ဘယ်နည်းကို သုံးသုံး ရပါတယ်။
အဲလို ရိုက်ခေါ်လိုက်တာနဲ့ အရင် restore point ကို ပြန်ခေါ်လို့ ရမယ့် Screen တစ်ခုချက်ချင်း ပေါ်လာတာ တွေ့ရပါလိမ့်မယ်။ အဲကနေ သူဖော်ပြထားတဲ့ Recommended restore point ကိုပဲ ရွေးထားပေးပြီး next နဲ့ ဆက်သွားပါ – တကယ်လို့ ကိုယ်က သူပေးထားတဲ့ Recommended restore point ကို မရွေးပဲ တစ်ခြား restore point တစ်ခုခုကို ရွေးမယ်ဆိုရင်လည်း ကိုယ်နှစ်သက်ရာ restore point ကိုရွေးချယ်ပေးနိုင်ပါတယ်။
တစ်ခြား restore points တွေ ရှိနေမယ် ဆိုရင် အောက်ဖော်ပြပါ ပုံစံမျိုး ဆင်တူ တွေ့ရပါလိမ့်မယ်။ ( စာလုံးတွေတော့ မတူနိုင်ပါ ) အောက်မှာ ဖော်ပြထားတဲ့ ပုံအရ နောက်ဆုံး install လုပ်ခဲ့တာ Virtual CloneDrive ဖြစ်ပြီး သူ့မတိုင်ခင်က NVIDIA drivers installed လုပ်ခဲ့တာပါ – ဆိုလိုတာက ဒီနေရာမှာ ကိုအာကာအောင် လည်း ဒီသဘောကို နားလည်ရပါမယ်။ ဥပမာ ဆိုကြပါစို့ – ကိုအာကာအောင်က Software တစ်ခုခု တင်ပြီး နောက်ပိုင်းမှာ Windows မှာ Error တက်တယ် ဆိုရင် ကျွန်တော်တို့ Restore ပြန်လုပ်ရမှာ အဲ့ဒီ့ Software မလုပ်ရသေးခင်က restore point ကို ပြန်ခေါ်ပြီး System Restore ပေးရမှာပါ။
အဲလို သေသေချာချာ စီစစ် ပိုင်းဖြတ်ပြီးပြီ ဆိုတော့မှ သူတို့ထဲက တစ်ခုကို Click ပေးလိုက်ပါ။ အဲနောက်မှာ လုပ်ဖို့ သေချာပြီ ဆိုတာကို confirm ပေးရပါမယ်။ အဲ့နောက်မှာ ကိုယ့်ကွန်ပြူတာကို အရင် အခြေအနေရှိရာဆီ ပြန်ခေါ်သွင်းဖို့ restart ပေးပါ။
မှတ်ချက်: System Restore လုပ်တဲ့ နေရာမှာ ကိုယ့်စက်ကို အရင်လို အကောင်းဆုံးအခြေအနေ ပြန်ဖြစ်နိုင်ဖို့ အလုပ်သင့်ဆုံးက System Restore ကို safe mode ထဲကနေ လုပ်သင့်ပါတယ်။
တကယ်လို့ ကိုယ်က safe mode ထဲကနေ မလုပ်ပဲ Windows ထဲကနေ လုပ်လိုက်လို့ Restore လုပ်နေစဉ်အတွင်း Error တက်လာရင် safe mode ထဲကနေ ပြန်ပြောင်းဝင်ပြီး လုပ်ဖို့ လိုပါလိမ့်မယ်။ Safe mode ထဲကို ဝင်ဖို့ကတော့ Reboot ပေးပြီး Windows ပြန်စစတက်လာချင်းမှာ F8 နှိပ်ထားရပါမယ်။ အဲကနေ Safe Mode ကိုဝင်ရောက်နိုင်ပါတယ်။
တကယ်လို့ F8 key ကိုနှိပ်တယ် အလုပ်မလုပ်ဘူး ဆိုရင် safe mode ထဲကို ဝင်ဖို့ အောက်ဖော်ပြပါနည်းနဲ့လည်း လုပ်ဆောင်နိုင်ပါသေးတယ်။
( ၁ ) Start Button ကို click ပါ။
( ၂ ) Search box မှာ “msconfig” လို့ ရိုက်ပါ။ Enter ခေါက်ပါ။
( ၃ ) အဲလိုလုပ်လိုက်ရင် “System Configuration” window ပွင့်လာပါလိမ့်မယ်။
( ၄ ) “Boot” tab မှာ ရှိတဲ့ Boot Options section ကို သွားပါ။
( ၅ ) အောက်မှာ ဖော်ပြထားတဲ့ အတိုင်း “Safe Boot/Minimal” Check box မှာ check ပေးပါ။
( ၆ ) ပြီးရင် Restart ပေးပါ။
အားလုံး ပြင်ဆင်ပြီး ကိုယ်လုပ်ဆောင်စရာ ရှိတာ လုပ်ဆောင်ပြီးသွားပြီ ဆိုရင်တော့ “msconfig” ကနေ အထက်ဖော်ပြပါအတိုင်း ပြန်ဝင်ပြီး “Safe Boot” box မှာ uncheck ပေးရပါလိမ့်မယ်။ ဒါမှ Boot Process က Normal ပြန်ဖြစ်မှာပါ။
အကယ်၍ Boot မရဘူး ဆိုလျှင်
တကယ်လို့ Boot လုပ်ပြီး Safe mode ထဲ ဝင်တာ ဝင်မရ ဖြစ်နေရင် Windows installation dvd ကိုထည့်ပြီး အဆင့်လိုက်ဆက်သွားရင် ဘယ်ဘက်ခြမ်း အောက်နားမှာ ပေါ်လာမယ့် “Repair your computer” option ကနေ ဝင်ရောက်ပြီး ပြင်ဆင်လို့ ရပါသေးတယ်။
တကယ်လို့ installation dvd ဒါမှမဟုတ် repair disc မရှိရင် Windows 7 / Vista Recovery CD ကို ဒီနေရာကနေ Download ချလို့ ရပါတယ်။
အားလုံး အဆင်သင့် ဖြစ်ပြီ ဆိုရင် “Repair your computer” option ကနေ ဝင်သွားပြီး System Restore ကို အောက်ဖော်ပြပါ ပုံအတိုင်း မြင်နေရတဲ့ နေရာကနေ ရွေးပေးရပါမယ်။
ခဏစောင့်လိုက်ရင် Windows ထဲမှာ ကျွန်တော်တိုက မြင်ခဲ့ရတဲ့ အတိုင်း အခုလိုပုံမျိုး ပြန်မြင်ရပြီး အဲ့ကနေ System Restore ဆက်လက်လုပ်ဆောင်သွားလို့ ရပါပြီ။
အဲကနေ next ကိုဆက်သွားပြီး နောက် screen မှာ ကိုယ် Windows 7 ဒါမှမဟုတ် Windows vista တင်ထားတဲ့ Drive ကို ရွေးပေးရပါမယ်။
အားလုံး ပြီးသွားရင် Finish ပေးပါ။ ဒါဆို ကိုယ့် Windows က အလိုလို restore point ကနေ ဟိုးအရင် Stable ဖြစ်ခဲ့ဖူးတဲ့ အခြေအနေ တစ်ခုကို ပြန်ဆွဲခေါ်သွားပါလိမ့်မယ်။
credit:
Posted by KznT http://www.11dreams.net

0 comments:

Post a Comment

Recent Posts